Unicode
Omma နဲ့ စကားပြောနေတုန်း Haechan အနားရောက်လာသည်။
Haechan - Omma သောက်ပါဦး
Taeyong - အေး သားလေး သားတို့ စားရသောက်ရတာတော့အဆင်ပြေတယ်မလား
Mark - ပြေပါတယ် Omma ရဲ့ Haechan ချက်ကျွေးတာ စားကောင်းတယ်
Taeyong - အံမယ် ငါတို့ ဂျီးထူ Minhyung လေးတောင် ချီးကျူးတာဆိုတော့ Haechan လေးလက်ရာကောင်းမယ့်ပုံပဲ
Haechan - အဲ့လောက်မဟုတ်ပါဘူး Omma ရဲ့ ကျွန်တော်အိမ်မှာလဲ Omma ကိုဝိုင်းကူနေကြဆိုတော့နည်းနည်းချက်တတ်တာပါ အချို့မသိတာဆို Omma ကိုဖုန်းဆက်မေးပြီးချက်ထားတာ
Taeyong - ဟုတ်ပါပြီ ဪ ဒါနဲ့ မေ့တော့မလို့ မနက်ဖြန် အိမ်မှာနေ့လည်စာ လာစားကြ မင်းအဖေကလဲ မင်းတို့ကိုတွေ့ချင်နေတာ
Haechan - ဟုတ် Omma Hyung အားတယ်မလား
Mark - အင်း ကိုယ်အားပါတယ်
Taeyong - ငါတို့ Minhyung လေးက လက်ထက် ပြီးကတည်းက Omma တို့ကိုပစ်ထားတော့ Omma တို့က လိုက်ခေါ်ရတာပေါ့
Minhyung - မဟုတ်ပါဘူး Omma ကလည်း ကျွန်တော်လဲအလုပ် တွေရှိတာနဲ့ အရင်အပတ်တွေက project အသစ်ရှိလို့ ပိတ်ရက်တောင် အိမ်မှာ အလုပ်လုပ်ရတာ အခုမှအားတာ မယုံရင် Appa ကိုမေးကြည့်
Taeyong - ဟုတ်ပါပြီ မနက်ဖြန် ၁၀ ခွဲလောက် အိမ်လာခဲ့ကြ Omma မင်းကြိုက်တာတွေချက်ထားမယ်
Haechan , Mark - ဟုတ် Omma
Taeyong - ဒါဆို Omma ပြန်မယ်
Haechan, Mark - ကောင်းကောင်းသွားပါ Omma
Omma ကို အိမ်ရှေ့လိုက်ပို့ပြီးသူတို့အိမ်ထဲ ဝင်ခဲ့ကြသည်။
Mark - Haechan ကိုယ်တို့ရုပ်ရှင်ကြည့်ရအောင်
Haechan - ကြည့်လေ hyung
Mark နဲ့ Haechan လဲ TV ရှေ့မှာ နေရာယူပြီး channel တစ်ခုကလာနေတဲ့ ရုပ်ရှင်သာကြည့်နေလိုက်သည်။
ရုတ်တရက် ရုပ်ရှင်ထဲမှာ မင်းသားနဲ့ မင်းသမီး အကြင်နာပေးတဲ့ အခန်းပါလာသည်။ Haechan ရှက်တာမို့ TV ကနေအကြည့်လွှဲမိသည်။ ဘေးမှာ Hyung ရှိတာမို့ အရှက်ပိုသည်းမိပါသည်။ ရုတ်တရက် ညကကိစ္စကလဲ ခေါင်းထဲဝင်လာနဲ့ Haechan တစ်ယောက်တည်း ကမ္ဘာပျက်နေမိသည်။ ဘေးက Hyung ဘာဖြစ်နေလဲသူသတိမထားမိသလိုကြည့်လဲမကြည့်ရဲတာမို့ မကြည့်မိ။