Ep 7

1.2K 79 2
                                        

Unicode

Mark တို့လက်ထက်ပြီးတာ ၂ပတ်ကျော်လာ ပြီ Mark ကတော့ပုံမှန်အလုပ်တက်ပြီး Haechan ကတော့အမြဲအိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တာပေါ့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ အရမ်းကြီးပြောင်းလဲ သွားတာမျိုးမရှိဘူး mark အလုပ်သွားရင် Haechan က breakfast ပြင်ပေးတယ် ပြီးရင်mark ထွက်သွားရင်အိမ်မှာကျန်ခဲ့တယ် mark ပြန်လာရင်လဲညစာစားတယ် စကားစမြည်ပြောပြီး အိပ်ကြတယ် ဒါက အမြဲတမ်းလိုလို အချိန်ဇယားလိုဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ daily routine

တစ်နေ့ Haechan ဧည့်ခန်းထဲမှာထိုင်နေတုန်း Mark ဆီက ဖုန်းဝင်လာတယ်

Mark - Haechan ဒီနေ့ညနေအားလား

Haechan - အားပါတယ် Hyung ဘာလို့လဲ

Mark - ညနေ party တစ်ခုရှိလို့ မင်းနဲ့အတူတူတက်မလို့ ကိုယ့်မိတ်ဆွေအချို့ကိုလဲ မင်းနဲ့မိတ်ဆက်ပေးချင်လို့

Haechan - ဟုတ် ကျွန်တော်အားပါတယ်

Mark - အင်း အဲ့ဒါဆို Hyung ညနေ ရုံးဆင်းလို့ အိမ်ပြန်လာပြီးမှ ပြန်ထွက်ကြတာပေါ့

Haechan - ဟုတ် Hyung

ညနေရောက်တော့ Mark ပြန်လာတယ်

Mark - Haechan ရေချိုးပြီးပြီလား

Haechan - ဟုတ် ချိုးပြီးပြီး Hyung

Mark - အင်း အဲ့ဒါဆို ကိုယ်ချိုးလိုက်ဦးမယ် Haechan အဝတ်အစားလဲထားလိုက်လေနော်

Haechan - ဟုတ်

သူတို့လဲပြင်ဆင်ပြီး ကားနဲ့ပွဲရှိတဲ့နေရာကိုထွက်လာခဲ့တယ်။ကား‌ပေါ်မှာတော့

Haechan - Hyung အခုသွားမှာဘာပွဲလဲဟင်

Mark - ကိုယ်တို့ရုံးရဲ့ရှယ်ယာရှင်တစ်‌ယောက်ရဲ့ ပါတီပါ

Haechan -ဪ~~ ကျေးဇူးတင်ပါတယ်

Mark - Hmm ဘာလို့လဲ ရုတ်တရက်ကြီး

Haechan - Hyung က ယောက်ျားလေး တစ်ယောက်နဲ့လက်ထက်ထားတာကို မရှက်ပဲ ကျွန်တော့်ကို လူရှေ့ထုတ်လို့ပါ

Mark - အာ ကိုယ်ကဘာလို့ အဲ့ဒါကိုရှက်ရမှာလဲ ဒါရှက်စရာမှ မဟုတ်တာ ပြီးတော့ ကိုယ်တို့ကချစ်လို့လက်ထက်ခဲ့တာမျိုးမဟုတ်ပေမဲ့ မင်းကကိုယ့်ရဲ့တရားဝင် အိမ်ထောင်ဖက်ပဲလေ

Unexpected Love ( Complete )Where stories live. Discover now