Ep 13 (Final)

1.5K 59 2
                                    

Unicode

D Day ,

Mark - Hyuckie စိတ်ကိုလျှော့ထားနော် ဘာမှမကြောက်နဲ့သိလား

Haechan - အင်း ကိုကို

Mark - နေရထိုင်ရတာရော ဘယ်လိုလဲ အဆင်ပြေရဲ့လား ခဏနေခွဲခန်းထဲ ဝင်ရတော့မယ်နော်

Haechan - ခါးနည်းနည်းနာတယ် ကိုကို

Mark - အင်း မွေးခါနီးလို့ ဖြစ်တာပါ ကိုကိုတို့ Byeol လေးကို တွေ့ရတော့မှာမလို့ အားတင်းထားနော်

Haechan - အင်းပါ ကိုကို

Nurse - လူနာ Lee Haechan ခွဲခန်းထဲ ဝင်ရပါတော့မယ်

Mark - Hyuckie ဘာမှ မကြောက်နဲ့နော် ကိုကိုအပြင်မှာရှိနေမှာသိလား

Haechan - အင်း ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ် ကိုကို ချစ်တယ်နော်

Mark - အင်း ကိုကိုလဲ ချစ်တယ်

Mark လဲ Haechan နဖူးလေးကို နမ်းကာ ခွဲခန်းထဲ ထည့်ပေးလိုက်တော့သည်။

Haechan ခွဲခန်းထဲ ဝင်နေတဲ့ တစ်လျှောက်လုံးလဲ သူ့မှာထိုင်မရထမရ ဒီလို အခြေအနေက အသက်အန္တရာယ်နဲ့ နီးနီးလေးမလား ပြီးတော့ haechan ရဲ့ ကိုယ်ဝန်ဆောင်တာက ဖြစ်ရိုးဖြစ်စဉ်မဟုတ်လို့ သူပိုပြီးစိုးရိမ်ရပါသည်။

ခဏနေတော့ ဆရာဝန်ထွက်လာသည်။

Mark - ဆရာ အခြေအနေဘယ်လိုနေလဲဟင်

Dr - ဘာမှစိတ်မပူပါနဲ့ ခွဲစိတ်မူအောင်မြင်ပါတယ် ကလေးရော လူကြီးရော ကျန်းမာပါတယ်

Mark - ကျေးဇူးတင်ပါတယ် Dr

Mark လဲ ကလေးအတွက် စာရွက်စာတမ်းတွေလုပ်ပြီးတော့ သမီးလေးကိုချီပြီး Hyuckie ရှိတဲ့ အခန်းကိုလာခဲ့တယ်
အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ပင်ပန်းလို့လှဲနေတဲ့ Hyuckie နားသွားကာ

Mark - Hyuckie

Haechan - ကိုကို ကျွန်တော် သမီးလေးကိုချီချင်တယ်

Mark - ချီရမှာပေါ့ Hyuckie ရယ် ရော့

Haechan - ကြည့်ပါဉီး ကိုကိုရယ် သမီးလေးကချစ်ဖို့ကောင်းလိုက်တာ

Mark - ဟုတ်ပ ကိုတို့ Byeol လေးကိုတွေ့ရဖို့ အကြာကြီးစောင့်ရတာ တန်ပါတယ်

Unexpected Love ( Complete )Where stories live. Discover now