Zawgyi
Mark လဲညကျတော့ Lucas တို့နဲ့ချိန်းထားတဲ့ဆိုင်ရောက်လာခဲ့တယ်
Lucas - Hey Mark ! ငါတို့ဒီမှာ
Mark လဲစားပွဲတွင်ဝင်ထိုင်ကာသူ့အတွက် စားစရာနဲ့ သောက်စရာအချို့မှာလိုက်သည်။
Hendery - ပြောပါဦးမင်းရဲ့သတို့သားလောင်းလေးနဲ့ အခြေအနေဘယ်လိုလဲ
Mark - အဆင်ပြေပါတယ် ဒီလိုပါပဲ
Lucas - မင်းသူ့အကြောင်းဘာတွေသိခဲ့သေးလဲ
Mark - သူကအပင်စိုက်ရတာဝါသနာပါတယ် ပြီးတော့ အနေအေးတယ် အခြားသူရဲ့စိတ်ခံစားချက်ကို ဦးစားပေးတယ် ပြီးတော့ လိမ္မာတယ်
Lucas - ဟ တယ်ဟုတ်ပါလားကွ မင်းရဲ့သတို့သားလောင်းက
Hendery - နေပါဦး သူအပင်စိုက်တာ ဝါသနာပါတာတော့ထားပါတော့ နောက်နှစ်ချက်က မင်းဘယ်လိုသိတုန်း
Mark - သူကမေးတယ်လေ ငါကသူနဲ့လက်ထက်ရတာ အဆင်ပြေရဲ့လားတဲ့ ငါ့မှာရည်းစားတွေဘာတွေရှိမှာဆိုးလို့ကွာ ပြီးတော့ မိဘတွေရုပ်တရက်စီစဉ်လိုက်တာမလို့ ငါ့ကိုအားနာနေတဲ့ပုံပဲ တကယ်ဆို သူလဲအဲ့ကိစ္စကို ငါနဲ့တူတူသိတာပဲလေ သူအားနာစရာမှ မလိုပဲဟာ
Hendery - အေးနော် ဒါနဲ့နောက်တစ်ချက်ကရော
Mark - ဪ အဲ့ဒါက ငါလဲသူ့ကိုအဆင်ပြေလားလို့မေးတော့ သူ့မိဘတွေစီစဉ်တာ သူကောင်းဖို့ပဲမို့ သူအဆင်ပြေပါတယ်တဲ့ ကဲ မင်းတို့ပဲစဉ်းစားကြည့်လေ အခုခေတ် ဘယ် ယောင်္ကျားလေး က အဲ့လိုမိဘစကားကို တစ်သွေမသိမ်း နားထောင်လို့လဲ ပိုဆိုးတာက ယောင်္ကျားလေးတစ်ယောက်ကို လက်ထက်ရမှာလေ
Lucas - အဲ့ဒါက မင်း ကံကောင်းတာပေါ့ mark ရာ အဲ့ဒီလို အလိမ္မာတုံးလေးကိုရတာ မဟုတ်ဘူးလား
Mark - ဘာကိုကံကောင်းရမှာတုန်း ငါမှသူ့ကိုမချစ်တာ
Xiaojun - မင်းတို့ လက်ထက်ပြီးရင် မချစ်သွားနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးလေ
တစ်ချိန်လုံးငြိမ် နားထောင်နေတဲ့ Xiaojun ပြောလာတဲ့စကားကြောင့် mark မော့သောက်မယ့်ခွက်ကလေထဲမှာရပ်တန့်သွားသည်။