Unicode
Haechan's pov
ဟိုကိစ္စပြီးကတည်းက Hyung နဲ့ကျွန်တော်ပိုပြီး ရင်းနှီးလာသည်။ အရင်ကလိုမစိမ်းတော့ပဲလွတ်လွတ်လပ်လပ်လဲ စကားပြောဖြစ်လာသည်။ ထူးခြားတာတစ်ခုက ကျွန်တော် Hyung ကိုတွေ့ရင် ရင်ခုန်တယ်။ ကျွန်တော် Hyung ကိုချစ်နေတာလား ဒါမှမဟုတ် အနေကြာလာလို့ သံယောဇဉ်တွယ် သွားတာလား ကျွန်တော်မပြောတတ်ပါ ။အခုတော့ ထုံးစံအတိုင်း အိမ်မှာတစ်ယောက်တည်းလုပ်စရာရှိတာသာလုပ်နေမိသည်။ ခနနေရင်တော့ ညစာချက်ရတော့မယ်။
Haechan ညစာချက်လို့အပြီးမှာ Mark ပြန်အလာကိုစောင့်နေမိသည်။
Haechan - ခါတိုင်းဆို ဒီအချိန်ပြန်လာနေကြပါ ဘာလို့မလာသေးတာလဲမသိဘူး
၁၀မိနစ်လောက်ကြာတော့ ဖုန်းဝင်လာသည်။ ကြည့်လောက်တော့ Taeyong Omma ဖြစ်နေသည်။
Haechan - ဟုတ် Omma ပြော
Taeyong - သားရေ Minhyung လေး accident ဖြစ်လို့ ဆေးရုံတင်ထားရတယ် *** ဆေးရုံ ကို အခု လာခဲ့ပါနော်
Haechan - ဗျာ !! ဟုတ် Omma ကျွန်တော်အခုလာခဲ့မယ်
Haechan လဲ အမြန်ကားသော့ရှာကာ ဆေးရုံကိုထွက်ခဲ့သည်။ လမ်းတစ်လျှောက် လက်တွေလဲတုန်ပြီး မျက်ရည်တွေလဲကျနေတာကြောင့် ကားကိုမနဲအာရုံစိုက်ပြီးမောင်းလာခဲ့ရသည်။
ဆေးရုံရောက်တော့ပါကင်အမြန်ထိုး ဆေးရုံထဲဒုန်းစိုင်းဝင်ကာ Receptionကိုပြေးမိသည်။
Haechan - Min... Minhyung...Lee Minhyung ဆိုတဲ့လူနာ ဘယ်မှာလဲခင်ဗျာ
Girl - ဟုတ်ကဲ့ ခနလေးပါ ခွဲစိတ်မူပြီးလို့ အခု အခန်း နံပါတ် 201 မှာပါရှင့်
ကျေးဇူးတင်စကားတောင် မပြောနိုင် Haechan
Mark ရှိတဲ့ အခန်းကိုသာ ပြေးမိသည်။ အခန်းရှေ့ရောက်တာနဲ့အခန်းတံခါး ကိုဆွဲဖွင့်လိုက်တော့ ကုတင်ပေါ်မှာ မေ့နေတဲ့ Hyung နဲ့ ကုတင်ဘေးမှာ Hyung မိဘတွေကိုတွေ့သည်။ သူလဲ Mark နားအပြေးသွားကာရပ်မိသည်။Haechan - Omma Hyung ကဘယ်လိုဖြစ်တာလဲဟင်
Taeyong - အင်း ကုမ္ပဏီကပြန်လာတဲ့လမ်းမှာ Accident ဖြစ်တာ ခေါင်းတွေဘာတွေမထိတာတော်သေးတယ် ဘယ်ဘက်ခြေထောက်တော့ထိသွားလို့ ခွဲစိတ်ပြီး ကျောက်ပတ်တီးကိုင်ထားတယ် မေ့နေတာက ခွဲစိတ်တုန်းမေ့ဆေးပေးထားလို့ပါ အရမ်းစိတ်မပူပါနဲ့
