Unicode
Mark's pov
ဆေးရုံမှာ ကျွန်တော်တို့ နေလာရင်းနဲ့ ကျောက်ပတ်တီးဖြေရမယ့်နေ့ရောက်လာတယ် ကျွန်တော်တို့နှစ်ယောက်ဆရာဝန်ေခါ်တဲ့ အခန်းကို ရောက်လာခဲ့ကြတယ် ကျွန်တော်ကုတင်ပေါ်မှာလှဲပြီး Haechan ရဲ့လက်ကိုကိုင်ထားတယ် ကျောက်ပတ်တီးဖြည်ဖို့ စက်လွှကို ဖွင့်လိုက်တော့ Haechan က တုန်ပြီးအကြည့်လွှဲသွားတယ် လက်ကေတာ့ ကိုင်ထားတုန်းပဲ။ ကာယကံရှင် ကျွန်တော်က မကြောက်ရပဲ သူကပိုကြောက်နေတယ် ခနနေတော့ ပတ်တီးဖြည်တာပြီးသွားတယ် သူကျွန်တော်အနားကပ်လာပြီး မေးလာတယ်
Haechan - Hyung နာလားဟင်
Mark - မနာပါဘူး Hyuckie ရဲ့ ပတ်တီးဖြေတာပဲဟာ
ကျွန်တော်လဲ ကုတင်ပေါ်ကထပြီး ဝှီးချဲပေါ်မှာထိုင်လိုက်တယ် ပြီးတော့ ဆရာဝန်အရှေ့မှာ Hyuckie ကထိုင်လိုက်တယ်။
Dr - Lee Minhyung shi အရိုးက ပြန်ဆက်နေပြီဆိုပေမဲ့ အသားကျသွားအောင် နားရပါမယ်နော် ပြီးတော့ ပြင်းပြင်းထန်ထန်လှုပ်ရှားမူမျိုး မလုပ်ပါနဲ့
Mark - ဟုတ်ကဲ့ပါ Dr
Dr - ဟုတ်ပါပြီ ဒါဆို ဆေးရုံဆင်းလို့ရပါပြီနော်
Mark - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် Dr ခွင့်ပြုပါဦး
Dr - ကောင်းပါပြီ
Mark တို့လဲ ဆရာဝန်ကို နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့လိုက်တယ် အိမ်ရောက်တော့
Mark - နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ
Haechan - အိမ်ပြန်ရောက်တာ အဲ့လောက်တောင်ပျော်လား
Mark - ပျော်တာပေါ့ ဆေးရုံမှာဆို ပျင်းစရာကြီး
Haechan - အင်းပါ Hyung ဒီမှာခနထိုင်ဦး ကျွန်တော်ကားပေါ်မှာ ပစ္စည်းတွေသွားယူဦးမယ်
Mark - အင်း Hyuckie
Haechan လဲပစ္စည်းတွေယူကာ အခန်းထဲထည့်ပြီး Mark အနားပြန်လာထိုင်ကာ နားနေသည်။
MARK - မောသွားပြီလား ကိုယ်လဲဘာမှကူမလုပ်မလုပ်နားဘူး အားနာပါတယ် Hyuckie ကို
Haechan - အာ Hyung က နေမှမကောင်းတာ နားနားနေနေ သာနေ ခြေထောက်အမြန်သက်သာအောင်