Zawgyi
Mark နဲ့ Haechan တို့ ညစာစား ဈေးဝယ် ပြီးပြန်လာကြသည်။ ညစာစားတုန်းကစကားစမြည်ပြောခဲ့ကြပေမယ့် လမ်းမှာတော့စကားမပြောမိကြ ညဘက်ရောက်တော့ သူတို့အတူတူအိပ်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ဟုတ်သည်လေ မအိပ်နိုင်ဘူး ပြောရအောင် မိန်းကလေးမှမဟုတ်ပဲ။ ယောင်္ကျားလေး အချင်းချင်း ပဲလို့တွေးပြီး သူတို့ ဒီလိုပဲ အိပ်လိုက်ကြသည်။
မနက်မိုးလင်းတော့ Mark သူ့ရဲ့ဘယ်ဘက်လက်မောင်းကလှုပ်မရတာကြောင့်နိုးလာသည်။ အိပ်ယာနိုးကစမို့ မဖွင့်ချင်ဖွင့်မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့ ခေါင်းလုံးလုံးလေးကိုတွေ့သည်။
Mark - ဟင်
Mark ရုတ်တရက် လန့်သွားသည်း။နောက်တော့မှ
Mark - အာ ဟုတ်သားပဲငါညက Haechan နဲ့တူတူအိပ်တာပဲ
ဟုသာ တီးတိုးရွတ်လိုက်မိသည်။ သေချာကြည့်လိုက်တော့ သူက ပက်လက်အနေအထားနဲ့အိပ်နေတာဖြစ်ပြီး Haechan ကဘေးတစ်စောင်းနဲ့ သူ့လက်မောင်းကိုဖက်ထားခြင်း ဖြစ်သည်။
ခနကြာတော့ Haechan နိုးလာသည်။ သူဖက်ထားတာကိုကြည့်လိုက်တော့ လက်မောင်းတစ်ခု မော့ကြည့်လိုက်တော့ Mark ကသူ့ကိုကြည့်နေသည်။သူကြောင်တောင်တောင်သာ ဆက်ကြည့်နေမိသည်။
Mark - Haechan shi ဒီနေ့ကျွန်တော့်လက်မောင်းကိုဖက်ထားတာ ဖယ်ဖို့ အစီအစဉ်ရှိလားခင်ဗျာ
ထိုသို့ပြောမှ Haechan သတိဝင်ကာ
Haechan - အာ Hyung တောင်းပန်ပါတယ် ကျွန်တော့်ကြောင့် Hyung နိုးသွားတာလားဟင် ကျွန်တော် အကျင့်ဖြစ်နေလို့ပါ တောင်းပန်ပါတယ်
Mark - အာ ကိုယ်ကစတာပါ ရပါတယ် အဲ့လောက်တောင်းပန်စရာမလိုပါဘူး ကိုယ်ကဒီအချိန်နိုးနေကြပဲ ကိုယ်မျက်နှာသွားသစ်ဦးမယ်
Haechan - ဟုတ်
Haechan လဲ Mark ရေချိုးခန်းထဲဝင်တာနဲ့ မနက်စာပြင်ဖို့ အောက်ဆင်းခဲ့သည်။ ထမင်းချက်ဖို့ မမှီတော့တာမို့ toast သာလုပ်ဖို့ စိတ်ကူးလိုက်သည်။
Haechan toast တွေပြီးလို့ပန်းကန်ထဲထည့်နေတုန်း Haechan နောက်ကျောကနေ Mark က စားပွဲခုံကိုလက်ထောက်လာသည်။ အသားချင်းမထိပေမဲ့ နီးကပ်လွန်းတာမို့ Haechan အသက်ရှုပင်မဝတော့