Unicode
မနက်ကျွန်တော်နိုးလာလို့ နာရီကြည့်လိုက်တော့ ၆နာရီခွဲ လူနာကုတင်ပေါ်က Mark ကိုလှမ်းကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။
သူလဲ လူနာစောင့် ကုတင်ကနေထကာ Mark နားလျှောက်သွားပြီ ရပ်ကြည့်နေမိသည်။Haechan's pov
Hyung ဆေးရုံဝတ်စုံနဲ့ အိပ်နေတာ ကလေးလေးလိုပဲချစ်စရာလေး။ ဒါပေမဲ့ Hyung မျက်နှာမှာ ဒဏ်ရာ အချို့ရှိနေတာတော့သ ေဘာမကျဘူး
Haechan Mark မျက်နှာနားတိုးသွားကာ နဖူးလေးကို အနမ်းဖွဖွပေးမိသည်။ ပါးစပ်ကလည်း
Haechan - Hyung ခြေထောက်မြန်မြန်သက်သာပါစေ
Mark - Hyuckie ကိုယ့်အနားမှာရှိရင် မြန်မြန်သက်သာလာမှာပါ
ရုတ်တရက် မျက်လုံးပွင့်ကာ ပြောလာသော Mark ကြောင့် Haechan သူခိုးလူမိသလို လန့်သွားပြီး အကြည့်လွှဲမိသည်။
Haechan - Hyung နိုးနေတာလား
Mark - အင်း ခါတိုင်း ဒီအချိန်လောက်ထတာဆိုတော့ အကျင့်ဖြစ်နေပြီ
Haechan - အင်း
Haechan ကတော့ မျက်နှာလေး ပန်းရောင်သန်းကာ အကြည့်လွှဲထားဆဲ
Mark - Hyuckie ကိုယ့်ကိုကြည့်ပါဦး ဘာလဲ ခိုးနမ်းတာ လူမိသွားလို့လား
Haechan - အာ Hyung
Mark - ကိုယ်ကစတာပါ ပြန်မအိပ်ဘူးလား စောသေးတာ
Haechan - အင်း မအိပ်တော့ဘူးလားလို့
Mark - လာ ဒီကိုတက်ခဲ့
Mark ကုတင်ကိုပုတ်ပြီးေခါ်လိုက်သည်။
Haechan - ဟာ Hyung ကျပ်မှာပေါ့
Mark - လာပါ အကျယ်ကြီးကို
Haechan - Hyung ကနေမကောင်းဘူးလေ
Mark - Hyuckie က ကိုယ်စိတ်မကောင်းဖြစ်တာမြင်ချင်လို့လား
Mark တစ်ယောက် puppy eyes တွေထုတ်သုံးတော့သည်။
Haechan's pov - ဒီ Hyung ကတော့ ဒါတွေလဲတတ်တာပဲလား
Haechan - အင်းပါ လာပြီ
Haechan လဲ ကုတင်ပေါ်တက်ကာ ဘေးတစ်စောင်းလှဲလိုက်တော့ Mark ကသူ့လက်မောင်းကိုခေါင်းအုံးစေကာ ရင်ခွင်ထဲထည့်လိုက်သည်။
![](https://img.wattpad.com/cover/250983866-288-k715466.jpg)