Zawgyi
ဒီလိုနဲ့ ရက်သတ္တပတ်တွေလဲကြာပြီးသူတို့ လက်ထက်မဲ့ လ ကိုရောက်လာခဲ့တယ် မဂ်လာဆောင်ကိစ္စတွေကို မိဘတွေကပဲ စီစဉ်တာမို့ သူတို့မတွေ့ဖြစ်ကြ၊ mark လဲကုမ္ပဏီမှာအလုပ်ရှုပ်နေတာလဲပါသည်။Haechan ကတော့ သူငယ်ချင်းတွေလဲ အိမ်ပြန်ကုန်ကြတော့ လူစုံတက်စုံ မရှိတာမို့ Jaemin Jeno တို့နဲ့သာ တစ်ခါတစ်လေတွေ့ဖြစ်သည်။
ဝတ်စုံကအစ ဖိတ်စာ အဆုံးမိဘတွေပဲ စီစဉ်တာမို့ သူတို့လက်ထက်ပွဲမှသာတွေ့ဖြစ်ကြတော့မယ်ထင်သည်။D- Day
Haechan အိပ်ယာက အစောကြီးနိုးနေမိသည်။နာရြီကည့်တော့ မနက် ၄နာရီခွဲ။ ညကလဲကောင်းကောင်းအိပ်မပျော်ဘူး သူဒီနေ့လက်ထက်ရတော့မှာမို့ စိတ်လှုပ်ရှားနေတာလဲပါသည်။ အတွေးနဲ့အတူ ကုတင်ခြေရင်းက luggage ကိုအကြည့်ရောက်မိသည်။ လက်ထက်ပြီးတာနဲ့ အိမ်အသစ်မှာပြောင်းနေရမှာမို့ သူ့ပစ္စည်းတွေအကုန်ထည့်သိမ်းထားရသည်။ Omma Appa တို့နဲ့လဲ သူ မခွဲချင်ဘူး။ ဒါပေမဲ့ ဒါတွေကဘယ်လိုနေနေ ဖြစ်လာမဲ့ ကိစ္စပဲမလား။ သူမျက်နှာထသစ်ပြီး ခြံထဲသို့ဆင်းခဲ့သည်။ သူ့အပင်လေးတွေရှိတဲ့နေရာပေါ့။
Haechan - မင်းတို့ ငါမရှိလဲ Omma ကဂရုစိုက်မှာမို့ ကျန်းကျန်းမာမာနေနော် ငါ့ကလေးလေးတွေ
Haechan ခြံထဲမှာ အချိန်ကြာကြာထိုင်နေမိသည်။ နေတောင်ထွက်လာပြီ။ သူအပင်တွေရေလောင်းကာ အိမ်ထဲဝင်ခဲ့သည်။
Ten - ဟော သား နိုးနေပြီလား Omma ကအိပ်နေတုန်းထင်နေတာ
Haechan - သားစောစောနိုးလို့ပါ Omma
Ten - အေးပါ Omma မနက်စာပြင်နေတယ် ခနနော် ပြီးတော့မယ် စားသောက်ပီးရင် ပြင်ဖို့ဆင်ဖို့ Hotel သွားရဦးမှာ
~~~~~~~~~~~~~~~~~~~~~~~~~~~~
Other side,Taeyong - ဟဲ့ Lee Minhyung ထတော့ လက်ထက်ရမယ့်သူကလဲ အိပ်လိုက်တာသိုးလို့ဟယ် ထစမ်း နောက်ကျနေမယ်
Mark - Omma ကလဲ ဗျာ အစောကြီးရှိသေးတာကို
Taeyong - ဘာအစောကြီးလဲ Hotel ကို ၉နာရီလောက်သွားရမှာ အခုပဲ၇နာရီခွဲတော့မယ် နင်မနက်စာမစားဘူးလား ရေမချိုးဘူးလား
Mark - Omma ကလဲဗျာ ထပြီ ထပြီ
Taeyong - အေး နင်နောက်နေ့ငါ့အသံကြားချင်ပါတယ်ဆိုရင်တောင်မကြားရတော့ဘူး