Never

2K 116 10
                                    

     (U)
ငြိမ်သက်နေတဲ့ကျွန်တော့နှလုံးသားတစ်စုံကို
နိုးထစေနိုင်တဲ့သူတစ်ယောက်ကို
နေခြည်နွေးနွေးတွေဖြာကျနေတဲ့နေ့တစ်နေ့မှာ
ကျွန်တော်မြင်ခွင့်ရခဲ့တယ်။

.............................................................

အထက်တန်းအောင်တော့ ကျွန်တော်အလယ်တန်းတည်းကတက်ချင်ခဲ့တဲ့ဆိုးလ်ဆေးတက္ကသိုလ်ကို စကော်လာလျှောက်ပြီး ကျွန်တော့ရည်မှန်းချက်အတိုင်းရအောင်တက်နိုင်ခဲ့တယ်။

မိဘတွေနဲ့ခွဲနေပြီး အခြားနိုင်ငံမှာကျောင်းလာတက်ရတာမလို့ နေ့ရက်တိုင်းကို ခက်ခက်ခဲခဲနဲ့ဖြတ်သန်းခဲ့ရတယ်။
တစ်ခါတစ်လေ ပါးပါးနဲ့မားမားကိုလွမ်းလို့အိမ်ပြန်ပြေးချင်စိတ်တွေပေါ်တာလဲခဏခဏပဲ။
ကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းကို နောင်တရပြီးစွန့်လွှတ်ရမယ့်အဖြစ်မျိူး လက်မခံနိုင်တာကြောင့် မလွယ်ပေမယ့်
ကြိတ်မှိတ်ပြီးဖြတ်သန်းခဲ့ရတယ်။

အလုပ်သင်ဆရာဝန်ဘဝရောက်တော့လဲ စီနီယာတွေရဲ့
ဆူပူမူကိုခံရလို့ စိတ်ညစ်ခဲ့ပေမယ့် ကျွန်တော်ဝါသနာပါရာအလုပ်အပေါ် စိတ်မပျက်ခဲ့ဖူးဘူး။
ဝါသနာပါရာအလုပ်ကို လုပ်တဲ့သူတိုင်းကပင်ပန်းရင်တောင်
ပျော်ရွှင်ရတဲ့အလုပ်တစ်ခုပါလို့သတ်မှတ်တတ်ကြတယ်လေ။

ညဂျူတီကျတာမို့ မနက်မိုးလင်းမှအဆောင်ကိုပြန်ရတယ်။
အခြားသူတွေအတွက်ကဆေးရုံနဲ့အိမ်ဆိုပေမယ့်
ဆိုးလ်မှာတစ်ယောက်တည်းနေတဲ့ကျွန်တော့အတွက်
ကတော့ဆေးရုံကပေးတဲ့အဆောင်ကိုပဲပေါ့။

အဆောင်မှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက်ကြောင့်
ပျင်းရတယ်အထီးကျန်ရတယ်လို့တော့မရှိပါဘူး။
တနေ့တနေ့စိတ်ဆင်းရဲစရာကောင်းလောက်အောင်စိုပြေပါရဲ့။

"ရွမ်ကျွင့် အတူတူပြန်ရအောင်"

လူကလေတိုက်ရင်တောင်ပစ်လဲချင်ပါတယ်ဆိုမှ
အရှိန်နဲ့ပြေးလာပြီးဖက်တဲ့ ဟယ်ချန်းနဲ့မင်ယောင်းကြောင့်လူကရှေ့ကိုငိုက်ခနဲတောင်ဖြစ်တယ်။

ဘယ်လောက်ပင်ပန်း ပင်ပန်းဖျတ်လတ်နေတဲ့
ဒီနှစ်ယောက်ကိုတော်တော်အံ့သြရတယ်။
ူသူတို့ကပဲကျန်းမာလွန်းနေတာလား ကျွန်တော်ကပဲအားနည်းလွန်းနေတာလား မသိတော့ဘူး။

Never( Completed)Where stories live. Discover now