ကမ်းခြေခရီးကနေပြန်ရောက်လာပြီးတဲ့နေ့ကတည်းက ဂျယ်မင်းသူ့ကိုလာမတွေ့ခဲ့တာ တစ်ပတ်တောင်ရှိနေပြီ။
ဖုန်းခေါ် msgပို့တာကလွဲပြီး ကျွန်တော့ရှေ့ကိုသူပေါ်မလာတာတကယ်ကိုတစ်ပတ်တိတိရှိသွားပြီ။ရည်းစားကလာမတွေ့ရင် မင်းကငါ့ကိုပစ်ထားတာလားဆိုပြီး အခြားသူတွေလုပ်သလို ပြသနာရှာပြီး သူချော့တာခံချင်ပေမယ့် ကျွန်တော်တို့ကဆယ်ကျော်သက်တွေမဟုတ်တော့ ကလေးမဆန်ချင်ဘူး။
အရင်ကဆိုvd callပြောတိုင်း ကျွင်ကိုယ့်ကိုလွမ်းလား
ကိုယ့်ကိုသတိရနေလား အခုလာတွေ့ရမလားလို့ ပေါက်ပေါက်ဖောက်နေပြီး ရယ်မောနေတဲ့ နာဂျယ်မင်းက အခုဆို
အရင်လိုသိပ်မပြုံးတော့ပဲ မျက်နှာလေးတွေညိုးနေတာကိုပဲမြင်ရတော့တယ်။ဖုန်းပြောရင်ဟန်ဆောင်ပြီးပြုံးပြနေတာတွေကို ငါမသိဘူးများ မင်းကထင်နေလို့လားဂျယ်မင်း။ မင်းမျက်နှာကိုအရိပ်လိုကြည့်နေတဲ့ငါက မင်းမျက်နှာညိုးနေမှန်း သိတယ်။
စကားအရမ်းများလို့ စကားစမနည်းဖြတ်ပြီး ဖုန်းချရတဲ့ငါကအခုဆို အရင်လိုပေါက်ပေါက်ဖောက်နေတဲ့မင်းကိုပဲလွမ်းနေပြီ။ကျွင်အဆင်ပြေတယ်မလား ထမင်းသေချာစားနော် ဂရုစိုက်အဲ့လိုအရာတွေပဲပြောပြီး ဖုန်းချသွားတတ်တဲ့ အေးတိအေးစက်မင်းကိုမဟုတ်ဘူး။
ငါ့ကိုလာတွေပါလားလို့သာစိတ်ထဲကပြောနေပေမယ့်
စကားတွေကလည်ချောင်းထဲမှာပျောက်ရှသွားပြီး
အင်းငါအဆင်ပြေတယ်လို့ပဲ ပြန်ပြောဖြစ်တော့တယ်။
ကျွန်တော့ကြောင့် ဂျယ်မင်းစိတ်ညစ်သွားမှာလဲမလိုလားလို့ သူ့စိတ်နဲ့သူကျွန်တော့ဆီရောက်လာဖို့ပဲ မျှော်လင့်မိပေမယ့်
ဂျယ်မင်းကဒီနေ့ထိရောက်မလာဘူး။အရင်ကဆို လွမ်းလို့ပါဆိုပြီး ဆေးရုံကို အပန်းဖြေနေရာလို တနေ့သုံးခေါက်လာလာပြီး တွေ့နေတဲ့သူကအခုလိုလာမတွေ့တော့ လွမ်းပေမယ့် လွမ်းနေပါတယ်လို့တော့ထုတ်မပြောချင်။
ဂျယ်မင်းအိပ်နေရင်းထယောင်ပြီး ငိုတဲ့ညက
နာမည်တစ်ခုရေရွတ်လိုက်တာကိုကြားလိုက်ပေမယ့် ငိုနေရင်းခေါ်လိုက်တာမို့ သိပ်မသဲကွဲပဲပြတ်ပြတ်သားသားမကြားလိုက်ရဘူး။
YOU ARE READING
Never( Completed)
Fanfictionနာကျင်ရမယ်ဆိုရင်တောင် ငါကမင်းအတွက်ပဲရှင်သန်မှာပါ (HuangRenJun) မင်းကိုချစ်လွန်းလို့ဖြစ်ရတဲ့အတ္တစိတ်တွေရယ်ပါ မင်းကိုငါ့အသက်ထက်ပိုချစ် ခဲ့တာကိုမင်းတစ်ယောက်တော့ယုံပေးနိုင်မလား ...