Never

565 78 4
                                    

ရွမ်ကျွင်ရဲ့ သိပ်စိတ်ပျက်တာပဲဆိုတဲ့စကားသံကိုပဲ
ထပ်လဲလဲကြားယောင်နေမိလို့ ကြာရင်ကျွန်တော်ရူးတော့မယ်ထင်တယ်။ အခန်းထဲကတွေ့သမျှ
ပစ္စည်းတွေလဲရိုက်ခွဲထားတာ ကြမ်းပြင်တစ်ခုလုံးဖန်ကွဲစတွေ ကြွေစတွေနဲ့ရစရာတစ်စက်ကလေးမှရှိမနေတော့ဘူး။

ဒီလိုကွဲကြေသွားတဲ့ဖန်စတွေနဲ့အတူ
ကိုယ့်စိတ်ထဲကနာကျင်နေတဲ့ခံစားချက်တွေပါ
တစ်စစီပျက်ဆီးသွားရင်ကောင်းမယ် ကျွင်။
မင်းတစ်ယောက်ကတော့ကိုယ့်အပေါ်
ဒီလိုပြောလာမှာမဟုတ်ဘူးလို့မျှော်လင့်နေခဲ့တာ။

မင်းနောင်တရစေရမယ်ရွမ်ကျွင်။ ကိုယ့်ကိုအဲ့စကားပြောထွက်ခဲ့တဲ့မင်း သေချာပေါက်နောင်တရအောင်ကိုယ်လုပ်ပြမယ်။

အဲ့ဒါတွေအကုန်လုံးရဲ့တရားခံက အီဂျဲနိုကြောင့်။
ငါ့အသွေးထဲအသားထဲကကိုမင်းကိုမုန်းတယ်ဂျဲနို။
မင်းကိုယ်တိုင်ဖျက်ဆီးခဲ့တဲ့ငါ့ဘဝက
ကျွင်နဲ့တွေ့မှအေးချမ်းခါစပြုနေတာကို ငါ့တို့ဘဝထဲဝင်လာပြီး ဘာလို့များထပ်အနှောက်အယှက်ပေးရတာလဲ။
ငါ့အပေါ်ဘယ်လိုအငြိုးတွေများကျန်သေးလို့
ငါနဲ့ကျွင်ကြားကိုမင်းဝင်နှောက်ယှက်နေရတာလဲ။
မင်းလိုချင်တာငါအကုန်ပေးမှာမလို့ ကျေးဇူးပြုပြီးကျွင်ကိုတော့ငါ့ဘဝထဲကဆွဲထုတ်မသွားပါနဲ့။ ကျွင်မရှိရင်ငါရူးသွားလိမ့်မယ်ဂျဲနို။

"အား !!!!!! "

အသံကုန်ခြစ်ကာအော်လိုက်လဲ
ရင်ထဲကဆို့နစ်မူကပျောက်မသွားဘူးကျွင်။
ငါမင်းကိုပြောခဲ့သားမလားရွမ်ကျွင်။
ငါအကြိမ်ကြိမ်မင်းကိုပြောခဲ့သားပဲ။
ငါကတစ်ကိုယ်ကောင်းဆန်ပြီး သိပ်အတ္တကြီးပါတယ်ဆိုတာကိုငါအကြိမ်ကြိမ်သတိပေးရက်နဲ့ မင်းလက်ခံခဲ့တာမဟုတ်ဘူးလား။

မင်းရဲ့ဂရုစိုက်မူတွေ မင်းရဲ့သည်းခံခြင်းတွေ
ငါ့အနားကထွက်မသွားပါဘူးလို့ မင်းပါးစပ်ကပြောထွက်ခဲ့တဲ့ကတိစကားတွေကလဲ တစ်ချိန်ကြရင်အငွေ့တွေလို
ကွယ်ပျောက်သွားမှာပဲဆိုတာငါသိပေမယ့်
အဲ့အငွေ့တွေကိုအရူးလိုလိုက်ဖမ်းပြီး သိမ်းထားချင်ခဲ့တဲ့
ခပ်ကြောင်ကြောင်နိုင်လွန်းတဲ့ အတွေးတွေကိုတွေးခဲ့မိတဲ့
ငါကပဲမှားခဲ့တာ။

Never( Completed)Where stories live. Discover now