Never

639 68 0
                                    

ကိုယ့်ဘဝကို ကိုယ်မပိုင်တဲ့ဘဝမှာနေနေရတာ
တကယ်စိတ်ပျက်စရာကောင်းလွန်းတယ်။
ကျွန်တော်ကအသက်25နှစ်ကျော်ယောကျာ်း
တစ်ယောက်ပေမယ့် မိဘရဲ့လောင်းရိပ်အောက်က
ရုန်းမထွက်နိုင်သေးဘူး။

Jaemကျွန်တော့ကိုပြောခဲ့သလိုပါပဲ။
မင်းကသိပ်စိတ်ပျက်စရာကောင်းတယ်ဂျဲနို
မင်းကသူရဲဘောကြောင်တဲ့ကောင်တဲ့ ။

ဟုတ်တယ် ကျွန်တော်ကသိပ်စိတ်ပျက်စရာကောင်းတယ်။
ကိုယ်ချစ်တဲ့သူကိုတောင် စိတ်ချမ်းသာအောင်မထားနိုင်တဲ့စိတ်ပျက်စရာကောင်းလွန်းတဲ့ကောင် ၊ ကိုယ့်ချစ်သူရဲ့စိတ်ထဲ ဘယ်လိုခံစားရမလဲကိုထည့်မတွေးပဲ ချိန်းခြောက်တဲ့စကားသံလေးတစ်ခွန်းကြောင့် ကျွန်တော့ရဲ့တစ်ဖက်သတ်အမြင်တစ်ခုတည်းနဲ့ သိပ်ချစ်ရက်နဲ့လက်လွှတ်ခဲ့မိတဲ့
သူရဲဘောကြောင်တဲ့ကောင်။

အခုလဲအေးချမ်းနေတဲ့သူ့ဘဝလေးကိုထပ်နင်းချေဖို့
ကြိူးစားနေတဲ့သူကလဲ ကျွန်တော့မိသားစုဝင်
ကိုယ်တိုင်ပဲဖြစ်နေပြန်တယ်။

ဘာရည်ရွယ်ချက်တွေနဲ့ဒီလိုလုပ်နေလဲတကယ်
မသိပေမယ့် အရှုံးပေးလိုက်ချင်ပြီ။ Jaemအမုန်းတွေကို
ဒီထက်ပိုပြီးမခံစားနိုင်တော့ဘူး လက်မခံနိုင်တော့ဘူး။
ကျွန်တော်သာအဖေ့ကိုအရှုံးပေးပြီး သူစီစဉ်တာ
လက်ခံလိုက်မယ်ဆိုရင် Jaemဘဝကအေးချမ်းသွားမှာ။
အဲ့အတွက် ကျွန်တော်လက်မခံနိုင်စရာ
ဘာအကြောင်းပြချက်မှမရှိဘူး။

မင်းဘဝကိုပျော်အောင်ဖြတ်သန်းပါJaem။
ကိုယ်မင်းပျော်ဖို့ဆုတောင်းပေးနေမှာပါ။

Flash Back

Jaemကကျွန်တော့ကိုစချိန်းလာတာမို့
ပို့ပေးလိုက်တဲ့လိပ်စာရှိရာဆီကို
ကျွန်တော်ချက်ခြင်းပြေးထွက်လာမိတဲ့အထိ
ခြေလှမ်းတွေကသွက်လွန်းနေတယ်။

ချိန်းထားတဲ့နေရာကိုရောက်တော့ Jaemက
ဒန်းပေါ်မှာထိုင်ပြီး ဒူးခေါင်းပေါ်လက်နှစ်ဖက်ကို
တင်ထားတယ်။လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လို့
ခေါင်းငုံ့ပြီးထိုင်နေတယ်။

"Jaem "

မော့ကြည့်လာတဲ့ Jaemမျက်နှာကနီရဲလို့
ဒေါသကြောင့် လည်ပင်းကြောတွေပါထောင်နေတယ်။
ကျွန်တော့ကိုနာနာကျည်းကျည်းကြည့်နေတဲ့
ဒီမျက်ဝန်းတွေကို တခုတ်တရငေးကြည့်လို့ ရပ်နေတုန်း
လည်ထွက်သွားတဲ့ကျွန်တော့်ခေါင်းနဲ့အတူ
ပူခနဲဖြစ်သွားတဲ့ခံစားချက်ကိုကျွန်တော်ခံစားလိုက်ရတယ်။

Never( Completed)Where stories live. Discover now