Never

711 84 20
                                    

  မိုးရာသီတွေကိုကျွန်တော်တအားမုန်းတယ်။
မိုးရေတွေက လူတွေကိုလွမ်းစေ နာကျင်စေတဲ့
ခံစားချက်တွေကိုပေးတာမလို့ကျွန်တော်မုန်းတယ်။
မိုးရာသီတစ်ခုရဲ့ ညတစ်ညမှာ ကျွန်တော့ကိုထားသွားတဲ့လူတစ်ယောက်လဲရှိနေခဲ့ဖူးတယ်။

"ငါတို့လမ်းခွဲရအောင် ဂျယ်မင်း"

အဲ့နေ့ညက ကောင်းကင်မှာလျှက်စီးတွေတဖျက်ဖျက်
လက်ပြီး မိုးခြိမ်းသံတွေနဲ့ဆူညံနေခဲ့တယ်။
လမ်းခွဲကြရအောင်ဆိုပြီး သူ့နှုတ်ဖျားက လေသံခပ်တိုးတိုးလေးနဲ့ ကျွန်တော့ကိုပြောလိုက်တဲ့စကားတစ်ခွန်းက
ကျွန်တော့နားထဲမှာတော့ပဲ့တင်သံတွေထပ်သွားလောက်အောင် ကျယ်လောင်လွန်းလို့ ကောင်းကောင်းကြားလိုက်ပါတယ်။

"ငါလမ်းခွဲမပေးနိုင်ဘူး ဂျယ်နို
ငါမင်းကိုသိပ်ချစ်တာသိရက်နဲ့ ဘာလို့လဲ "

"ကျစ် !! ငါ့ကိုအဲ့လိုမကပ်တွယ်နေစမ်းပါနဲ့
နာဂျယ်မင်းရာ ငါမကြိုက်ဘူး "

စိတ်ပျက်လိုက်တာဆိုတဲ့ သူ့မျက်နှာထားကို
ကျွန်တော့်မျက်လုံးနဲ့ကိုယ်တိုင်မြင်တွေ့ခွင့်ရလိုက်တာက
ကျွန်တော့ရင်တွေကိုနာစေလိုက်တာ။
မင်းမကြိုက်တဲ့အရာဆို ငါသဘောကျနေခဲ့ရင်တောင်
အသေးအမွှားလေးကအစဆင်ခြင်ခဲ့တဲ့
ရှောင်ဖယ်ခဲ့တဲ့ငါ့ကိုမှဘာလို့လဲ ဂျယ်နို။

ကပ်တွယ်တယ်တဲ့လား မင်းမလို့ဒီစကားပြောထွက်ရက်တယ်
ဂျယ်နို။ နီးကပ်ပြီးမှခွဲခွာရတဲ့ခံစားချက်တွေက
ငါ့အတွက်ရူးမတတ်ပူလောင်လွန်းတဲ့အရာမလို့
သူငယ်ချင်းတောင်မထားခဲ့ပဲ အထီးကျန်ဆန်ဆန်
တစ်ယောက်တည်းဖြတ်သန်းခဲ့တဲ့ ငါ့နေ့ရက်တွေကို
နီးကပ်အောင်အတင်းတိုးဝင်လာခဲ့တာကမင်းပါ။

ဘယ်တော့မှကိုယ်ကမင်းကိုထားသွားမှာမဟုတ်ဘူးဆိုတဲ့စကားကို အကြွင်းမဲ့ယုံကြည်လာအောင် ငါ့နှလုံသားထဲကိုရော ဦးနှောက်ထဲကိုပါ ရိုက်သွင်းခဲ့တာကလဲ
မင်းပါပဲ ဂျယ်နိုရယ်။

ငါ့ကိုယ်ငါတောင်ပျောက်ဆုံးခံရဲတဲ့ထိ မင်းကိုချစ်အောင်
ဖန်တီးပေးခဲ့တာက ငါ့ကိုဒီလိုမျိုး စွန့်ပစ်ခဲ့ဖို့အတွက်လား။

Never( Completed)Donde viven las historias. Descúbrelo ahora