Never

622 76 10
                                    

Juneလအကုန်Julyလရဲ့အစကိုကူးပြောင်းစပြုနေပြီမို့
သိပ်မုန်းစရာကောင်းတဲ့ မိုးရာသီကြီးကိုကျွန်တော်
တဖန်ဖြတ်သန်းရအုံးမှာပဲ။ ဖြစ်နိုင်ရင် မိုးရာသီရောက်တဲ့အချိန်တိုင်းမှာတော့ ကျွန်တော်ခဏလောက်ဖြစ်ဖြစ် ကွယ်ပျောက်သွားချင်တယ်။ ကျွန်တော့ရဲ့ကံဆိုးခြင်းတွေက
မိုးရာသီဆိုတဲ့အချိန်တွေမှာစတတ်လွန်းလို့ ...။

ညနေတည်းကကျွင့်ကိုဖုန်းတွေဆက်တိုက်ခေါ်ပေမယ့်
လေလိုင်းတည်းကနေအကြိမ်ကြိမ်ဝင်နေတဲ့
ဖုန်းcallလေးတစ်ခုကို ကိုင်မယ့်သူတော့မရှိခဲ့ဘူး။

နေခင်းလောက်ထိကိုအဆက်အသွယ်ရပြီး
စာတွေပို့နေခဲ့ပေမယ့် အခုတော့ ကျွင့်ကိုသူဘယ်လိုမှဆက်သွယ်လို့မရလို့ ရင်ထဲမှာတော်တော်ကိုပူထူနေပြီ။

ဆေးရုံမှာသွားကြိုတော့လဲ ညနေဂျူတီပြီးချိန်းတည်းကပြန်သွားပါပြီဆိုတဲ့ဟယ်ချန်းစကားကြောင့် အိမ်ကိုအပြေးပြန်လာကြည့်တော့လဲ ကျွင်ကအိမ်ကိုရောက်မလာသေးဘူး။

ဒီနေ့မှမိုးတွေရွာတယ်။သိပ်စိတ်ပျက်စရာကောင်းလွန်းတဲ့
မိုးတွေကခပ်လှမ်းလှမ်းကမြင်ကွင်းတစ်ခုကိုတောင်မမြင်ရလောက်အောက် သည်းကြီးမည်းကြီးရွာတယ်။
မြေပြင်ကိုသက်ဆင်းလာတဲ့မိုးရေတွေနဲ့အတူ
ကျွန်တော့နှလုံးသားလဲ အကြိမ်ကြိမ်နာကျင်ရတယ်။

ကျွင့်သွားတတ်တဲ့နေရာလေးတွေနဲ့ ဆေးရုံနဲ့အိမ်အနီးပတ်ဝန်းကျင်တွေကို သူအခေါက်ပေါင်းမနည်းပတ်ရှာကြည့်ခဲ့ပေမယ့် ကျွင့်ကိုရှာမတွေ့ခဲ့ဘူး။

ညလဲအတော်နက်နေပြီမို့ အခုထိအိမ်ပြန်ရောက်မလာသေးတဲ့ကျွင့်ကိုစိတ်ပူလို့ သူ့စိတ်တွေဆောက်တည်ရာမရလောက်တဲ့ထိ တော်တော်ကိုပူလောင်နေပြီ။

"အစ်ကိုလေး အထဲဝင်နေပါလား
ကျွန်မစောင့်နေပေးပါ့မယ် "

တံခါးဝမှာခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း
ပြာယာခတ်နေတဲ့သူ့ကို အိမ်အကူအဒေါ်ကြီးကအထဲဝင်ဖို့ပြောပေမယ့် သူဘယ်လိုထိုင်နေလို့အဆင်ပြေမှာမဟုတ်ဘူး။

"ရတယ် အဒေါ်လုပ်စရာမရှိရင်ကိုယ့်အခန်းကိုယ်ပြန်တော့
ကျွန်တော်ကျွင်လာတဲ့ထိစောင့်နေမယ် "

Never( Completed)حيث تعيش القصص. اكتشف الآن