Never

764 98 3
                                    

ကျွန်တော်အိမ်ထဲမှာ ငြိမ်နေတာဒီနေ့ကငါးရက်မြှောက်နေ့ပဲ။
အပြင်ထွက်လို့ကလဲအဆင်မပြေဘူး။
ကြောက်လို့တော့မဟုတ်ပေမယ့် ဟိုတစ်ရက်ကပြသနာဖြစ်ထားတဲ့ခွေးလိုကောင်တွေက တွေ့ရင်ရှူးတိုက်စရာမလိုပဲလိုက်ကိုက်နေမှာသိနေလို့။

အရေးမပါဆုံးကတော့ သူ့ကိုကူညီခဲ့တဲ့ ဆရာဝန်ကောင်လေးကအတွေးထဲခဏခဏရောက်လာနေတာပဲ။ ဒီငါးရက်လုံးသူ့ကိုသတိရသလိုလို တွေ့ချင်သလိုလိုနဲ့ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူး။

အဲ့နေ့ကသူ့ကိုအော်တယ်ဆိုတာလဲ ဒီကောင်တွေကမဲမဲမြင်ရာလိုက်ကိုက်တတ်တော့ သူ့ကိုကူညီရင်းရန်ငြိုးထားခံရပြီး
ဒုက္ခရောက်မှာစိုးလို့ ခပ်တန်းတန်းပြောခဲ့တာ။
အဲ့လိုစကားလေးနဲ့မျက်ရည်ကျရလောက်အောင် သူကဘယ်လောက်တောင်နွေးထွေးတဲ့မိသားစုကဆင်းသက်လာလို့
စိတ်ခံစားချက်လေးတွေကဒီလောက်နူးညံ့နေရတာလဲ။

တွေ့လားအခုတောင်သူ့အကြောင်းက ခေါင်းထဲရောက်လာပြန်ပြီ။ ခေါင်းထဲရှင်းရှင်းလင်းလင်းဖြစ်သွားအောင် သွားတွေ့သင့်လား။ သူ့ကိုတွေ့လိုက်ရင် ဘာခံစားနေရလဲဆိုတာ ကောင်းကောင်း နားလည်လာမယ်ထင်တယ်။

"ဂျယ်မင်းနီ ဒါကဘယ်လဲ 7နာရီထိုးနေပြီ"

ကားသော့ကိုဆွဲရင်းအောက်ထပ်ဆင်းလာတော့ စာဖတ်ခန်းထဲကထွက်လာတဲ့အဖိုးကသူ့ကိုစကားလှမ်းပြောတာမို့
နောက်လှည့်မကြည့်ပေမယ့် လှမ်းနေတဲ့ခြေလှမ်းတွေရပ်ပစ်လိုက်တယ်။

"အပြင်ခဏသွားမလို့ "

"အင်း ထိခိုက်မလာနဲ့ ကောင်းကောင်းသွား "

ဟ!!အထူးအဆန်းပါလား ။အရင်လိုမသွားနဲ့ဘာညာ
ပွဲကြမ်းမယ်ထင်တာ။ ကောင်းပါတယ်ဆူညံပူညံသံတွေ
နားထောင်စရာမလိုတော့ဘူးပေါ့။
ဘာစကားမှပြန်မပြောပဲ ကားသော့ဖွင့် စက်နှိုးပြီးမောင်းထွက်လိုက်တယ်။

..................................................

ဆေးရုံဆိုတာ လူနာတင်ကားသံ ငိုသံ လူနာတွေရဲ့ညည်းသံတွေ ဆေးနံ့မွှန်မွှန်တွေအမြဲပျံ့နေတတ်တဲ့နေရာ။
ဖြစ်နိုင်ရင် လူတိုင်းကိုကျန်းကျန်းမာမာနဲ့ ထိခိုက်ဒဏ်ရာမရပဲဖြတ်သန်းစေချင်တယ် ဒီနေရာကိုရောက်မလာစေချင်ဘူး။

Never( Completed)Where stories live. Discover now