ဆေးကိုသေချာတိုက် နွေးနွေးထွေးထွေးထားပြီး
သေချာဂရုတစိုက်ပြုစုပေးလိုက်တော့မှပဲ
ကျွင်ကကိုယ်ပူနေတာကျသွားတော့တယ်။ညဘက်အိပ်တော့လဲနှာရည်တွေကျနေတာကြောင့်
အသက်ရှူရခက်ပြီး ခဏခဏနိုးလာလို့
နှာရည်တွေကိုထထညစ်ပေးရသေးတယ်။
ကျွင်ကတော့ ပြန်အိပ်ပျော်သွားပေမယ့် ကိုယ်ကတော့ဘယ်လိုမှအိပ်မရတော့လို့ တစ်ညလုံးသူ့ပဲထိုင်ကြည့်နေရတာ။အခုတော့နှာရည်ကျတာရပ်သွားတယ်ထင်ပါတယ်
အသက်ရှူရခက်တာလဲမဖြစ်တော့ပဲ ကျွင်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်သွားတာ9နာရီကျော်နေပြီ။ တစ်ချက်တောင်နိုးမလာဘူး။ကိုယ့်ကြည့်တော့ကျန်းမာရေးကောင်းတဲ့လူလဲမဟုတ်ဘူး။ ဖျားနာလွယ်တာသိရက်နဲ့ ဂရုမစိုက်ဘူးဒီကောင်လေး။
မနေ့ကကိစ္စကိုပြန်တွေးရင်ရင်ထဲမကောင်း
လက်ကောက်ဝတ်ကလေးကအခုထိ
ညိုနေတာကိုမြင်ရတာပိုစိတ်မကောင်းဖြစ်ရတယ်။ကိုယ်မင်းကိုတော့ဘယ်သူကမှလာထိတာမခံနိုင်လို့ပါကျွင်။
မင်းနဲ့ပတ်သတ်ရင်ကိုယ့်စိတ်တွေကို ကိုယ်တိုင်တောင်ထိန်းချုပ်လို့မရနိုင်တော့တဲ့အထိ မင်းကိုဘယ်သူထိပါးလာတာမှ
ကိုယ်လက်ခံပေးလို့မရဘူး။
ဒီလိုကြမ်းတမ်းတဲ့ကိုယ့်ပုံစံကို မင်းအရှေ့မှာဖော်မပြချင်ပေမယ့် ကိုယ့်ကိုကြောက်မသွားဖို့မျှော်လင့်ပါတယ်။
ကိုယ်မင်းကိုသိပ်ချစ်လို့ဖြစ်ရတာကို နားလည်ပေးမယ်မလားကျွင်။ဆံပင်လေးတွေကိုသပ်ပေးပြီး နဖူးကိုခပ်ဖွဖွနမ်းတော့
ကျွင်ကနိုးလာတယ်ထင်ပါရဲ့မျက်လုံးတွေကို
အသည်းသန်ပွတ်ပြီး ဇွတ်ဖွင့်နေတာမို့ လက်ကလေးတွေကို ဆုပ်ကိုင်ထားလိုက်ရတယ်။
လုပ်ပြန်ပြီ။ဒီလိုအိပ်ယာနိုးနိုးချင်းဆို မျက်လုံးတွေမပွတ်ဖို့မှာထားတာတဲ့ သူ့စကားကိုကျွင်ကမေ့နေတာလား။"အင်း...ဂျယ်မင်း "
"ကျွင် နိုးရင်လဲ ဖြေးဖြေးချင်းမျက်လုံးတွေဖွင့်လို့ရတယ်လေ။
အမြဲဘာလို့လက်တွေနဲ့အတင်းပွတ်နေတာလဲ။
ကိုယ်အရင်ကလဲအဲ့လိုမလုပ်ဖို့သေချာမှာထားတယ်လေ။
မျက်စိတွေနာကုန်ရင် ဘယ်လိုလုပ်မလဲ
ကျွင်ကကိုယ့်စကားနားမထောင်တာတွေသိပ်များနေပြီပဲ "
VOUS LISEZ
Never( Completed)
Fanfictionနာကျင်ရမယ်ဆိုရင်တောင် ငါကမင်းအတွက်ပဲရှင်သန်မှာပါ (HuangRenJun) မင်းကိုချစ်လွန်းလို့ဖြစ်ရတဲ့အတ္တစိတ်တွေရယ်ပါ မင်းကိုငါ့အသက်ထက်ပိုချစ် ခဲ့တာကိုမင်းတစ်ယောက်တော့ယုံပေးနိုင်မလား ...