ကားမောင်းနေရင်းဘေးခုံမှာအိပ်ပျော်နေတဲ့
ကျွင်မျက်နှာလေးကိုခိုးခိုးကြည့်ရတာ အသည်းယားစရာကောင်းလွန်းတယ်။အိပ်ပျော်နေတဲ့ပုံလေးက ကလေးတစ်ယောက်လို အပြစ်ကင်းလိုက်တာ။ကြည့်ဖူးတဲ့ရုပ်ရှင်တွေ ဖတ်ဖူးတဲ့ဝတ္ထုတွေထဲမှာ
ဇာတ်ဆောင်တွေပြောနေကြ ဒိုင်ယာလော့တွေမှာ
အမြဲပါနေကြဖြစ်တဲ့စကားတစ်ခွန်းကို
ကျွန်တော်အခုလက်တွေ့လက်ခံလိုက်ရပြီ။အိပ်ပျော်နေတဲ့ချစ်ရသူမျက်နှာက ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်တယ်ဆိုတာ အလကားအပိုစကားတွေပါလို့ ကျွန်တော်ရှုံ့ချခဲ့တာ မှားမှန်း ကျွင်မျက်နှာလေးကိုခိုးကြည့်ရတဲ့အခိုက်အတန့်လေးမှာ သိလိုက်ရတယ်။
တကယ်မှန်တာထက်ပိုတဲ့စကားတစ်ခွန်းပဲ။ဒီလိုဘေးခုံကနေ အေးအေးဆေးဆေးပါလာဖို့ဆိုတာ
မလွယ်တော့မလွယ်ကူခဲ့ပါဘူး။
ချိန်းခြောက်သလိုလို အပေးအယူလုပ်တဲ့သဘောလိုလို
လုပ်ပြီး ညှိယူလာရတာပေါ့။Flash back
လူနာတွေသွားစစ်ဆေးနေတဲ့ ကျွင်ကိုနားနေခန်းထဲကနေ
ထိုင်ပြီးစောင့်နေလိုက်တယ်။
ဝင်လာတာနဲ့လက်ကိုဆွဲပြီး ဆေးရုံအုပ်ကြီးဖြစ်တဲ့
ကျွန်တော့အဖိုးရုံးခန်းရှိရာဆီခေါ်သွားလိုက်တယ်။ခရီးတစ်ပတ်ထွက်ဖို့ကျွင်ကိုခေါ်သွားမယ်ဆိုပြီးခွင့်တောင်းတာ မရတော့သောင်းကျန်းပြီးရအောင်ခေါ်လာခဲ့တာ။
နာဂျယ်မင်းဖြစ်ချင်ရင် ဘယ်သူကများတားလို့ရဖူးလို့လဲ။တဇွတ်ထိုးလုပ်တတ်တဲ့ကျွန်တော့ကို
အဖိုးကဘယ်တုန်းကများနိုင်ခဲ့ဖူးတာရှိလို့လဲ။ဆေးရုံခေါင်မိုးထပ်ကို ဆွဲခေါ်လာတဲ့ကျွင်ကြောင့်
အလိုက်သင့်လေးလိုက်လာပေးရတယ်။
နောက်မဆို သူ့အားလေးနဲ့လားကျွန့်တော်ကိုဆွဲခေါ်နိုင်မှာ။"နာ ဂျယ် မင်း "
ဒေါသတွေထွက်နေတဲ့ကျွင်က ကျွန်တော့နာမည်ကို
တစ်လုံးချင်း မျက်မှောင်ကျူံ့ကာ ခပ်ဆတ်ခတ် ခေါ်တယ်။
ဒါသူဒေါသတွေထွက်နေပါတယ်ပေါ့။
ဟာသပါပဲကျွင်ရယ် စိတ်တိုနေတဲ့ပုံက ချစ်စရာကောင်းလွန်းလို့ ကိုယ့်အတွက်ကြာက်စရာကောင်းမနေဘူး။
YOU ARE READING
Never( Completed)
Fanfictionနာကျင်ရမယ်ဆိုရင်တောင် ငါကမင်းအတွက်ပဲရှင်သန်မှာပါ (HuangRenJun) မင်းကိုချစ်လွန်းလို့ဖြစ်ရတဲ့အတ္တစိတ်တွေရယ်ပါ မင်းကိုငါ့အသက်ထက်ပိုချစ် ခဲ့တာကိုမင်းတစ်ယောက်တော့ယုံပေးနိုင်မလား ...