Never

603 77 11
                                    

တနေကုန်ဘာလုပ်လုပ် ဘယ်အရာမှအဆင်မပြေပဲ
စိတ်နဲ့လူနဲ့လဲမကပ်ပဲနေရတာတစ်စက်ကလေးမှ စိတ်ထဲ
သက်တောင့်သက်သာမရှိဘူး။
ညဘက်အိပ်ရင်တောင် ခဏခဏလန့်လန့်နိုးလာလို့
ကောင်းကောင်းအိပ်လို့မပျော်ဘူး။
အားတဲ့အချိန်လေးတိုင်းလဲ ဂျယ်မင်းကိုခဏခဏ
အပြေးလာကြည့်ပေမယ့် ဂျယ်မင်းကတော့
လူနာကုတင်ပေါ်မှာလှဲပြီးမျက်လုံးတွေကိုမှိတ်ထားတုန်းပဲ။

ဂျယ်မင်း.. ငါ့ကိုစိတ်ဆိုးနေတာဆိုရင်လဲ
အခြားနည်းလမ်းနဲ့ငါ့ကိုနာကျင်အောင်မင်းတုံ့ပြန်လို့ရပါတယ်။
မင်းဘာပြောပြောငါသည်းခံပါ့မယ် ဂျယ်မင်းရယ်။
မင်းမကြိုက်တဲ့စကားတွေလဲငါဘယ်တော့မှမပြောတော့ဘူးလို့ကတိပေးပါတယ် ကျေးဇူးပြုပြီးသတိရလာပါတော့ကွာ။
ငါ့ကိုတစ်ယောက်တည်းပစ်မထားပါနဲ့။

မင်းမကြိုက်တဲ့မျက်ရည်တွေပဲကျနေပြန်တဲ့
အသုံးမကျတဲ့ငါ့ကို မင်းမျက်ရည်တွေသုတ်စမ်းဆိုပြီး
ငါ့ကိုထမအော်တော့ဘူးလား။

အခုလဲမင်းလက်ကိုဆုပ်ကိုင်ပြီး
အနားမှာငါလာထိုင်ပေးနေတယ်လေ ဂျယ်မင်း။
မင်းကတော့ငါ့ကိုတစ်စက်ကလေးမှကြည့်မလာပဲ
မျက်လုံးတွေကိုမှိတ်ထားတုန်းပဲလား။
မင်းငါ့ကိုပစ်ထားတာနှစ်ရက်တောင်ရှိနေလေ။
သတိရလာသင့်ပြီမဟုတ်ဘူးလား။

ကျွန်တော့ကို နာဂျယ်မင်းကစိတ်ဆိုးမပြေသေးဘူးထင်တယ်။ အဲ့ဒါကြောင့် သူကျွန်တော့ကိုဥပေက္ခာပြုပြီး
ဒဏ်ခတ်နေတာဖြစ်မှာ။
သူ့မျက်လုံးတွေပွင့်လာမယ့်အချိန်ထိ
သူ့ကျွန်တော့ကိုကြည့်လာမယ့်အချိန်ထိ
သူ့ဘေးမှာကျွန်တော်ထိုင်နေမှာ။

"ရွမ်ကျွင် မင်းကောင်းကောင်းလဲမအိပ်ရသေးဘူးမလား။
ဒီကြားထဲတနေကုန်လဲ လူနာတွေကိုလိုက်ကြည့်နေရတာ
မင်းတအားပင်ပန်းနေပြီ ခဏလောက်နားနေခန်းထဲမှာ
လိုက်အိပ်လိုက်ပါလား နော် "

"ငါအိပ်လဲ ခဏခဏလန့်နိုးလာတာပဲလေ
အိပ်လို့မှမပျော်တာ ဟယ်ချန်းရယ် "

"ဂျယ်မင်း သတိရလာရင်ငါနဲ့မင်ယောင်း
မင်းကိုနှိုးပေးမယ်လေ။ ရွမ်ကျွင်ကလိမ္မာပါတယ်။
မင်းစိတ်က ပူပန်မူတွေကြောင့်မလို့ ကိုယ့်ကိုယ်ကို
ပြန်လှန့်ပြီး ကောင်းကောင်းအိပ်မပျော်ဖြစ်နေတာပါ။
နှစ်နှစ်ခြိုက်ခြိုက် စိတ်ချပြီး အိပ်လိုက်လေ။
ကိုယ့်ကိုယ်ကိုထိခိုက်တဲ့ထိ မလုပ်ပါနဲ့ လိုက်ခဲ့နော် "

Never( Completed)Tempat cerita menjadi hidup. Temukan sekarang