Never!!

805 76 9
                                    


ကျွန်တော့်ရဲ့မနက်ခင်းတွေက အရင်လိုလှပခြင်းတွေမရှိတော့ဘူး။ မနက်မိုးလင်းတိုင်းမှာ ကျွန်တော့ရင်ခွင်ထဲကိုအမြဲ တိုးဝင်နေတတ်တဲ့ ကိုယ်လုံးသေးသေးလေးက
အမြဲကျွန်တော့ကိုကျောခိုင်းပြီး
မနက်ခင်းတွေကိုနိုးထနေတတ်ပြီ။

ကျွန်တော်အမြဲသဘောကျခဲ့ရတဲ့ သွားစွယ်ချွန်ချွန်လေးတွေ
ပေါ်တဲ့အထိ ပြုံးရယ်ပြလာတတ်တဲ့ ကျွင့်ရဲ့အပြူံးလေးတွေကလဲလက်ရှိကာလကကျွန်တော့ကိုတွေ့တဲ့အခါတိုင်းမှာ
အံတင်းတင်းကြိတ်လို့ပစ်ပယ်တယ်။

အရင်ကကျွန်တော့ပါးပြင်တွေကို နစ်ဝင်အောင်
နမ်းတတ်တဲ့ ကျွင့်နှုတ်ခမ်းဖူးဖူးလေးတွေကလဲ
အခုကျွန်တော်နဲ့ရင်ဆိုင်ရတဲ့အခါ ခပ်တင်းတင်းစေ့လို့။

အရာအားလုံးကိုအရင်ချိန်ကလို ကျွန်တော်တကယ်ပဲ
ပြန်လိုချင်တယ်။

ကျွင် အဲ့ကောင်လေးကလေ တကယ်တော့ကျွန်တော့ကို
သူ့စိတ်ထဲမှာ တကယ်ကိုကြီးမုန်းနေတာမဟုတ်မှန်း
သူ့အမူအရာတွေကိုမြင်တာနဲ့ကျွန်တော်သိတယ်။
ကျွန်တော့ကိုအရွဲ့တိုက်ချင်တာ ကျွန်တော့ကိုစိတ်ဆင်းရဲရအောင်သူပြန်လုပ်ချင်တာ သူ့ကိုတရိပ်တကြည့်ကြည့်နဲ့
စိုးရိမ်ပူပန်နေမယ့် ကျွန်တော့ပုံစံကိုသူမြင်ချင်တာ။
အဲ့ဒါကြောင့်မို့သက်သက်အရွဲ့တိုက်နေတာ။

ဒါပေမယ့် ကျွင့်ရဲ့လျစ်လျူရှုမူတွေက ကျွန်တော့်အတွက်သိပ်ကိုစိမ်းသက်လွန်းတယ်။ ကျွန်တော်နေသားတကယ်မကျဘူး။

တစ်ကိုယ်ကောင်းဆန်ဆန်တောင်းဆိုခွင့်
တစ်ခုသာရမယ်ဆိုရင် ကျွန်တော့ကိုအရိပ်တကြည့်ကြည့်ချစ်တတ်တဲ့ ရွမ်ကျွင့်ကို ကျွန်တော်ပြန်လိုချင်တယ်။

ကျွန်တော့လုပ်ရပ်တွေက ကျွင့်အပေါ်လွန်ခဲ့တာသိပါတယ်။
ဒါပေမယ့် ကျွင်ပေးတဲ့အပြစ်ဒဏ်တွေထဲ လျစ်လျူရှုမူကိုတော့ကျွန်တော်တကယ်ပဲ မခံစားနိုင်လွန်းလို့ရူးတော့မယ်ထင်တယ်။

ကျွင့်ကတကယ်ပဲ ကျွန်တော့ကိုတအားမုန်းနေတာများလားလို့ခဏခဏအတွေးဝင်မိတဲ့အထိပဲ။
ဒါပေမယ့် ကျွန်တော်ကျွင့်အကြောင်းသိတယ်။
သူကျွန်တော့ကို တကယ်မုန်းနေတာတော့မဟုတ်ဘူး။
ကျွင့်အမုန်းကိုမခံယူခဲ့ရပေမယ့် ကျွင့်ရဲ့လျစ်လျူရှုမူတွေကိုတော့ ကျွန်တော်ကောင်းကောင်းခံနေရတာပေါ့။

Never( Completed)Место, где живут истории. Откройте их для себя