Chapter 118

120 15 0
                                    

Zawgyi

ကျင့်အာနန်းတော်

ပြောရရင်သေလူတွေဆိုတာချန်ဖီအားစစ်အတွက်မထူးဆန်းတော့ဘူးလေ။သချိုင်းထဲကထွက်လာတဲ့အလောင်းကောင်တွေ ဆေးစိမ်အလောင်းတွေကသူ့ကိုမခြောက်လှန့်နိုင်ပါဘူး။သူသတ်ထားတဲ့လူတွေကဒီသချိုင်းထဲကအလောင်းကောင်တွေထက်တောင်နည်းမယ်မထင်ဘူး။သူနောက်ပြန်လှည့်ကြည့်တဲ့အခု မြင်တွေ့ရတာကအလောင်းကောင်ဖြစ်နေတယ်။သူစိတ်ထဲမှာသက်သာရာရသွားခဲ့တယ်။သူတွေးခဲ့တာက ကံမကောင်းတဲ့လူတစ်ယောက်ဒီနေရာမှာသေသွားခဲ့တယ်လို့ပဲပေါ့ပေါ့ပါးပါးတွေးထားတယ်။

သူဟာဒီအတိုင်းပဲပေါ့ပေါ့တွေးထားပေမယ့်လည်းသူ့ရဲ့ဘက်တွေထဲမှာလက်​လေး​ချောင်းခြုပ်ကိုသူ့လက်ထဲမှာကိုင်ထားတယ်။သူ့ရဲ့လက်လေးချောင်းခြုပ်ရဲ့တစ်ချက်ပစ်လွှတ်စွမ်းရည်အောက်မှာအသက်ပျောက်ခဲ့ရတဲ့လူတွေအများကြီးပဲ။ဒီလိုစွမ်းရည်ရရှိအောင်သူအတွက်ကလေးဘဝထဲကအပြင်းအထန်လေ့ကျင့်ထားခဲ့ရတယ်။အဲ့တာကို အချက်၁၀၀ပစ်ရင်အချက်၁၀၀ထိတယ်လို့လည်းပြောကြတယ်။သူအဲ့ဒီခြုပ်ကိုပစ်လိုက်ရင်သာမာန်လူမျက်စိအတွက်အရမ်းကိုလျင်မြန်လွန်းတယ်။သူ့ရဲ့လှုပ်ရှားမှုကိုမမြင်ရပဲမျက်လုံးဆုံရှုံးသွားရနိုင်တယ်။

ဒီမြောင်လူမျိုးတွေရဲ့အဝတ်အစားတွေကိုကြည့်ရရင် လွန်ခဲ့တဲ့၁၀နှစ် ၁၂နှစ်က​သေဆုံးခဲ့တာဖြစ်နိုင်တယ်...အဝတ်အစား​တွေကအပိုင်းပိုင်းပြတ်​နေပြန်တယ်။ဒါဟာ​မြောင်​တွေလို့​ကောက်ချက်ချနိုင်တဲ့တစ်ခုထဲ​သောသက်​သေကသူတို့အင်္ကျီ​တွေ​ပေါ်ကသူတို့ရဲ့မျိုးနွယ်စုအမှတ်အသားဖြစ်တဲ့ နွယ်ပင်တွေနဲ့ကောက်ပင်ပုံစံတွေအထင်အလင်းတွေ့နေရလို့ပဲ.......။ဒါပေမယ့်ဘာလို့​​နေဒဏ်မိုးဒဏ်တွေကြောင့်အလောင်းကသိပ်ပြီးမပျက်စီးသေးပေမယ့် အနည်းငယ်ခြောက်ကပ်နေပုံ​ပေါ်​နေရတာလဲ?

အဲ့ဒီအလောင်းကောင်တွေရဲ့ဗိုက်မှာထူးဆန်းနေဆဲပဲ....ဒါကြောင့်လည်းချန်ဖီအားစစ်စိတ်ထဲမှာထူးဆန်းလာပြီးသူသေချာစစ်ဆေးကြည့်လိုက်တယ်။သူ့လိုလူမျိုးတွေအတွက်ဒီလိုစစ်ဆေးတဲ့ကိုယ်ပိုင်နည်းတွေရှိကြတယ်။ကျွန်တော်သာဆိုရင်တော့ချက်ချင်းခေါင်းလှည့်ပြီးထွက်ပြေးမိမှာအမှန်ပဲ။သို့ပေမယ့်ချန်ဖီအားစစ်အတွက်ငယ်ငယ်ကတည်းကသင်ယူခဲ့ရတာက ကိုယ့်ကိုကိုယ်ယုံကြည့်မှုနဲ့အားကိုးမှုပဲ။ခဏလောက်တွေးကြည့်ပြီးတဲ့နောက်မှာ သူ့လက်ထဲကနေသံလုံးသုံးလုံးပစ်လွှတ်ပြီးခဲ့ပြီး အားလုံးကလည်း အလောင်းကောင်ရဲ့ဗိုက်နေရာကိုပစ်မှတ်ဦးတည်ထားတယ်။ပြီးတော့သူက မင်းဘာလဲဆိုတာသိချင်ယုံပဲ လို့တီးတိုးပြောခဲ့တယ်။(ချန်ဖီအားစစ်ရဲ့လက်နက်ကိုသိကြမှာပါနော် ပြီးတော့သူသုံးတဲ့သံလုံးဆိုတာက သူ့ရဲ့ဆရာဖြစ်သူအာ့ရွဲဟုန်အသုံးပြုတဲ့သံလုံးတွေနဲ့အတူတူပါပဲ ဒီပညာကအာရွဲ့ဟုန်ကသင်ပေးခဲ့တယ်လို့လဲပြောလို့ရပါတယ်)
အဲ့ဒီသံလုံးလေးတွေကအရမ်းအစွမ်းထက်တယ်။အလောင်ကောင်ကိုနှစ်ခြမ်းခွဲပစ်တော့မလောက်နစ်ဝင်သွားခဲ့တယ်။အလောင်းတွေရဲ့ပထမအလွှာကွာကျသွားခဲ့တော့ ချန်ဖီအားစစ်ဟာအဲ့ဒီအလောင်းကောင်တွေရဲ့ဗိုက်ထဲကနေ အမည်မသိရတဲ့အဝါရောင်အချွဲအရည်တွေကိုမြင်လိုက်ရတယ်။အဲ့ဒီအရည်တွေကိုဥတွေနဲ့လွှမ်းခြုံထားပြီးအများစုသောဥတွေကကွဲအက်နေခဲ့ပြီ။အဖြူရောင်တုတ်ကောင်တစ်​ကောင်ကတွန့်လိမ်နေပြီးအဲ့ဒီနေရာမှာသူရင်းနှီးနေတဲ့တစ်စုံတစ်ခုကပျားတွေလိုအုံနေတယ်။အဲ့ဒီအထဲကနေများစွာသော နကျယ်ကောင်တွေဟာအဲ့ဒီပျက်စီးနေတဲ့ခန္ဓာကိုယ်ကနေထွက်ပေါ်လာခဲ့တယ်။

盗墓笔记 (Daomu biji) Volume 4,5,6Hikayelerin yaşadığı yer. Şimdi keşfedin