Chapter 133 Part 1

65 4 0
                                    

ခွင်းလွန်သန္ဓသေား Part 1

နေမင်းသူရိန်ဟာနေမင်းသူရိန်ဟာနေမင်းသူရိန်ဟာနေမင်းသူရိန်ဟာ တိမ်တွေကြားတစ်ဝက်ပုန်းကွယ်ရင်းဖြင့်တစ်ဝက်မှာတောင်တန်းများနောက်သို့တိုးဝင်နေတော့သည်။ထို့နောက်မှတော့ရေခဲပြင်ဟာကြောက်ဖို့ကောင်းလေအောင် မဲနက်သွားလေပြီး အထဲမှပုံရိပ်ဟာလည်းဝေဝါးလာရပြီ။

ထိုအရာရဲ့အရိပ်ဟာထူးဆန်းမှုကိုပြသနေလေပြီးဘာရယ်လို့ပြောရလောက်စရာမရှိ..ကြည့်ရတာတိရစ်ဆာန်ငယ်လေးတစ်ကောင်ကာင်ဟာ အသက်ရှင်လျှက်နှင့်အေးခဲသွားရသည့်ပုံစံမျိုးပင်။ထိုအရာ၏ခန္ဓာကိုယ်ပေါ်မှာ ဆိုးရွားလွန်းပါသည့်ခေါင်အကြီးကြီးနှင့်ဆူးတောင်အရှည်ကြီးတစ်ခုကိုလည်းပိုင်ဆိုင်ထားသည်။

ယဲ့ချန်ကနှုတ်ခမ်းဟကာကျွန်တော့်ကိုမေးလာသည်။

"ချီး...သူကဗုဒ္ဓဘာသာမကိုးကွယ်သူမို့လား ဘယ်နှယ့်ဘယ်လိုကြီးလဲ မကောင်းဆိုးရွားဝင်ပူးခံထားရလို့လား တစ်ကယ့်ကိုဘာကောင်ကြီလဲ?"

မတိုင်ပင်ထားပါပဲတူညီသည်က ဖက်တီးရောကျွန်တော်ပါခေါင်းခါမိခြင်းပင်။အရွယ်အစားအပေါ်မှာကြည့်ပြီးပြောရရင်တော့ ငါးထပ်အဆောက်အဦးတစ်လုံးဟာရေခဲပြင်ထဲနစ်ဝင်နေသည့်အရွယ်အစားပင်း။ဒါကမြှုပ်နှံခြင်းသချိုင်းလား။ဘယ်လိုလုပ်ပြီးမြှုပ်ခဲ့ခဲ့တာလဲ?ဒါမှမဟုတ် ဟိုးအရင်ကပဲရှိခဲ့တဲ့သတ္တဝါအကောင်ရဲ့ပုံသဏ္ဍာန်များလား?

ဒဏ္ဍာရီတွေထဲမှာပြောတာ ချန်ပိုင်တောင်ဧရိယာဟာဟိုးအရင်နှစ်ထောင်ပေါင်းများစွာတုန်းက ကျယ်ပြောသည့်ပင်လယ်နေရာဖြစ်ခဲ့သည်တဲ့လေ။ဖြစ်ပုံကတော့ ပင်လယ်မျက်နှာပြင်အထက်ကအဓိကမီးတောင်ကိုယ်ထည်တစ်ခုကပေါက်ကွဲသွားမှုကြောင့်ယခုလိုဖြစ်တည်သွားခဲ့ပြန်သည်တဲ့။ဒီလိုသာဆိုရင်အဲ့ဒီအချိန်တုန်းက ကျန်နေခဲ့တဲ့တိရစ်ဆာန်တစ်ကောင်ကောင်ရဲ့ အလောင်းကဒီလိုရေအောက်အေးခဲမှုတစ်ခုဖြစ်သွားစေခဲ့သည်လား။

မဟုတ်ဘူး..ဒီလိုတွေးတော့လည်းမဟုတ်ပြန်ဘူး။ရေခဲမြစ်တွေဖြစ်တည်တဲ့အချိန်မတိုင်ခင်ကတည်းက ဒီတောင်ကတည်ရှိနေခဲ့ပြီးသား..ဆိုတော့ဒီအကောင်ကျောက်ဖြစ်ရုပ်ကြွင်းအနေနဲ့ပဲရှိနေသင့်တာ။

盗墓笔记 (Daomu biji) Volume 4,5,6Hikayelerin yaşadığı yer. Şimdi keşfedin