𝙿𝚊𝚛𝚝 𝟷𝟽

4.2K 349 26
                                    

#Unicode#

ကုတင်ပေါ်မှာထိုင်ရင်း အခန်းပတ်ပတ်လည်ကိုသူသေချာကြည့်နေမိတယ် ရေချိူးခန်းထဲက half naked နဲ့ထွက်လာတဲ့ ဂျောင်ကုကြောင့် သူရဲ့ခန္ဓာကိုယ်တောင်ပူလာသလိုပဲ ကြွက်သားရှစ်ခုနဲ့ကြည့်ကောင်းလိုက်တာ ဘာလို့ သူကျတော့ သူ့လို ရှစ်ခုတောင်မရှိတာလဲ ခန္ဓာကိုယ်နှစ်ခု နှိုင်းယှဉ်လိုက်ရင် အားငယ်ဖို့တောင်ကောင်းတယ်
ရုပ်ရည်ကလည်း ပြောစရာမလိုဘူး အကျင့်စရိုက်က‌လည်းကောင်းတယ် သူ့မှာသဘောကျတဲ့သူကော တွေ့နေပြီလား....

"ရေချိူးလို့ရပြီနော် ဘေ...ဘီ"

"ဘောကို.... ဘေဘီ"

ခုနက ချီးကျူးခဲ့တာတွေကို ရုတ်သိမ်းတယ်

ဘယ်အချိန်ထဲက အင်္ကျီတစ်ခါတည်းယူသွားတာလဲမသိ...ရေချိူးခန်းထဲကထွက်လာတော့ ၀တ်စုံပြည့်နဲ့ ထွက်လာတဲ့ ကြက်ပေါက်လေးက သူ့ကိုစိတ်မချဖြစ်နေပုံရတယ် ကုတင်ရဲ့အစွန်းဘက်ကို အတင်းတိုးပြီးကွေးကွေးလေး အိပ်နေတဲ့ ကြက်ပေါက်လေးကို သူကြည့်ရင်း ပြုံးမိပြန်တယ်
ဘယ်လောက်တောင်ပင်ပန်းသွားလဲမသိဘူး ချက်ချင်းအိပ်ပျော်သွားတဲ့ ကောင်လေးကြောင့် ဂရုဏာပိုမိပြန်တယ် 'မင်းကို သိစေချင်တယ် ငါမင်းကို အရမ်းချစ်တယ်ဆိုတာကို' နှဖူးလေးကို
ခပ်ဖွဖွအနမ်းပေးရင်း ‌ပေါ့ပါးလွန်းတဲ့ ခန္ဓာကိုယ်လေးကို ဖြည်းဖြည်းချင်းဆွဲယူရင်း ရင်ခွင်ထဲထွေးပွေ့ထားလိုက်တယ် .....
"ကောင်းသောည‌ပါ ဘေဘီ"

စိတ်လှုပ်ရှားလွန်းတာကြောင့် ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး နွေးထွေးလွန်းတဲ့ အရာတစ်ခုကြောင့်လွှတ်မထားချင်လောက်အောင် တင်းကြပ်စွာပွေ့ဖက်ထားလိုက်မိတယ် အဲ့ဒီအရာက ဘာမှန်းမသိပေမယ့်လည်း....
အမ်...ဘာကိုဖက်ထားတာ မဝံ့မရဲနဲ့ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တော့

"အိပ်လို့ကောင်းလား ဘေဘီ"

စောင်ထဲကိုချက်ချင်းတိုး၀င်သွားတဲ့ကောင်လေးကြောင့် သူရုတ်တရက်ကြောင်သွားတယ်
ကြက်ပေါက်လေးက သူ့ကိုရှက်နေတာလား ဘယ်လောက်တောင် ချစ်ဖို့ကောင်းနေတာလဲကွာ
စောင်ကိုသူဆွဲလိုက်တော့ မလွှတ်ပေးတင်းခံနေပြန်တယ်

𝙼𝚢 𝙿𝙺Where stories live. Discover now