Part 7

4.8K 517 8
                                    

*Unicode*

"ဂျီမင် ဒီနေ့ မင်းရဲ့ Hyung ပြန်လာမယ်ဆိုတာ မသိဘူးလား"

"ကျွန်တော်သိပါတယ်၊အဲ့ဒါကြောင့် တမင်နောက်ကျမှပြန်လာတာ..."

"ဘာပြောတယ်...မင်း...."

'ဒုန်း'

တံခါးပိတ်သံခပ်ကြမ်းကြမ်းနဲ့အတူ ဂျီမင် အပြင်မှ စကားသံတွေကို လျစ်လျှူရှုလိုက်သည်။

"Appa.....ဂျီမင်ကိုအပြစ်မပြောပါနဲ့ ကျွန်တော်နားလည်ပါတယ်"

"ဟုတ်ပါတယ်...ရှင်ကလည်း"

"အေး...မင်းတို့ သားအမိတွေကြပ်ကြပ်အလိုလိုက် သိလား"

"ကဲပါ...သား နမ်ဂျွန် သားလည်းပင်ပန်းလာရောပေါ့၊အပေါ်တက်နားလိုက်တော့.."

"ဟုတ်ကဲ့ omma"

စိတ်ရှုတ်စရာပဲ၊ငါစောစောပြန်လာတော့ကော ထူးခြားသွားတယ်ဆိုတော့....

ဂျီမင်လွယ်အိတ်ထဲက Banana Milk ဘူးလေးထုတ်လိုက်ပြီး ညနေက‌အကြောင်းကို ပြန်တွေးနေမိသည်။တစ်ကယ်ဆို သူတို့နှစ်ယောက်အခြေအနေက နည်းနည်းလေးတိုးတက်လာပြီလို့ဆိုရမလား။

ငါတော့ မင်းကို အရမ်းချစ်နေမိပြီထင်ပါတယ်

                                   *  *  *  *

"ကျွတ်....ဘာကြောင့်များ စိုက်ပျိူးရေးအချိန်ကို ထည့်တာလဲဆိုတာ ငါစဉ်းစားလို့မရဘူး၊ဒီလောက် နေပူပူကြီးထဲမှာကွာ..."

ပေါက်တူးတစ်လက်ကိုကိုင်ပြီး  နေရိပ်ထဲမှာ အခန့်သားရပ်နေတဲ့ သကောင့်သား ဂင်ထယ်ယောင်းကို ဂျီမင် မျက်စောင်းထိုးလိုက်သည်။

ဘယ်နှယ့်......အလုပ်လည်းမလုပ်ဘဲ စိုက်ပျိူးရေးအချိန်ကိုဘဲ ပွစိပွစိ လာပြောနေတယ်၊နေပူထဲမှာ ရပ်နေတဲ့သူ့ကိုမှ အားမနာ...

"အပိုတွေပြောမနေနဲ့...ဘာမှလည်းမလုပ်ဘဲနဲ့များ..."

"ဘာကိုမလုပ်ရမှာလဲ...ဒီမှာ ငါတူးထားတာတွေတွေ့လား.."

"ဟွန့်...ဒါလေးကိုများ"

ကျင်းလေးတစ်ကျင်းတူးပြီး ဆရာကြီးပုံဖမ်းနေသည့် ထယ်ယောင်းကိုကြည့်ရင်း ဂျီမင်ခေါင်းခါမိသည်။

𝙼𝚢 𝙿𝙺Where stories live. Discover now