Unicode
"ဂျီမင်......မြန်မြန်လာ"
ဂျီမင်အခန်းထဲ၀င်ရုံရှိသေး မြန်မြန်လာလို့ပြောနေတဲ့ ထယ်ယောင်းကြောင့် အခန်း၀မှာရပ်လိုက်သည်။ဒီလိုမနက်ခင်းလေးမှာ ထယ်ယောင်းရဲ့ဆဲသံလေးကိုတော့ဂျီမင်ကြားချင်သေးသည်။ဒါကြောင့် တမင်သက်သက် လက်ပိုက်ပြီး တံခေါင်းဘောင်ကိုမှီထားလိုက်သည်။
"မင်းမေကြီးတော်...၊လဒလေးကလည်းမြန်မြန်လာပါဆိုတာကို"
အပေါက်၀မှာရပ်နေတဲ့သူ့ကို ထယ်ယောင်းကစိတ်မရှည်စွာဆဲဆိုပြီး အခန်းထဲကိုအတင်းဆွဲခေါ်သွားသည်။
"ဘာလဲ၊ဘာမလို့ မြန်မြန်လာခိုင်းနေတာလဲ..."
"ဆရာမခိုင်းထားတာရှိလို့ ၊ ယဉ်ကျေးမူမေဂျာဘက် သွားမလို့...၊"
"ဘာခိုင်းတာလဲ..."
"မင်းကလည်းကွာ၊ဒီတစ်ခါငါတို့မေဂျာက စာအုပ်တွေလိုက်စုရမှာလေ"
"အဲ့တော့.....အဲဒါ အတန်းခေါင်းဆောင်လုပ်ရမှာလေ"
"ဟီးဟီး.....မင်းကလည်းကွာ၊ငါကကူညီချင်လို့ပါ"
"နှာဘူး၊ယဉ်ကျေးမူမေဂျာက ကောင်မလေးတွေကို ငမ်းချင်လို့မလား မသိရင်ခက်မယ်"
ဂျီမင်ရဲ့လက်ကို အတင်းလာကိုင်ပြီး မျက်နှာချိူသွေးနေတဲ့ ထယ်ယောင်းပုံက ရယ်ချင်စရာ၊မလိုက်ဘူးပြောရင်လည်း ဂျီမင်တစ်နေ့လုံးနားညီးတော့မှာ ဖြစ်တာကြောင့် လိုက်ခဲ့မယ်လို့ခေါင်းညိတ်လိုက်ရသည်။
-----------------------------------------------------------တစ်ကယ်တော့ ဂျီမင်တို့ကျောင်းက တော်တော်ကျယ်၀န်းသည်။ဆိုးလ်မြို့မှာ ဂျီမင်တို့ ကျောင်းသာလျှင် မေဂျာစုံသော ကျောင်းတစ်ကျောင်းဖြစ်သည်။တစ်ကယ်တော့ ဂျီမင်က ထယ်ယောင်းလိုကျောင်းကိုနှံ့နှံ့စပ်စပ်မရောက်ဖူးပေ။တစ်နေရာအရောက်မှာ ရုတ်တရက် ရပ်သွားတဲ့ ထယ်ယောင်းကြောင့် ဂျီမင်ပါ လိုက်ရပ်လိုက်သည်။
"ဂျီမင်.....ဒီအခန်းက ကောင်မလေးတွေတော်တော်ချောတာပဲ"
"လဒ....၊နှာဗူးထမနေနဲ့ ထယ်ယောင်း မြန်မြန်လုပ်"
YOU ARE READING
𝙼𝚢 𝙿𝙺