Part 9

4.6K 538 14
                                    

*Unicode*

"ဂျီမင်....မင်းနေမကောင်းဘူးလား"

"ဟမ်.....ကောင်းပါတယ်"

ညက ငိုထားတာကြောင့် မျက်လုံးတွေဖောင်းနေသည့် ဂျီမင် ကိုကြည့်ရင်း ထယ်ယောင်းမေးလိုက်သည်။

တကယ်တော့ ဒီနေ့သူတို့နှစ်ယောက်ရဲ့ သန့်ရှင်းရေးဖြစ်တာကြောင့် နှစ်‌ေယာက်သားသန့်ရှင်းရေးလုပ်နေရင်း အရှေ့မှာ အလုပ်များနေတဲ့ သူတွေကိုကြည့်လိုက်သည်။

"ထယ်ယောင်း....အဲ့ဒါ ဘယ်သူတွေလဲ"

"ဟင်.....အာ....အဲဒါက တတိယနှစ်က စီနီယာတွေလေ ဘာတွေ လုပ်နေတာလဲတော့ ငါလည်းမသိဘူး"

ထယ်ယောင်းပြောသည့် စကားကို ဂျီမင် ခေါင်းသာ ညိှတ်ပြရုံကလွဲရင်း လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။

"ဟေ့ကောင်....မင်းချော်လဲမယ်နော်"

နောက်ပြန်လျှောက်ရင်း သူနဲ့ မျက်နှာချင်းဆိုင် စကားပြောနေသည့် ထယ်ယောင်းကို ဂျီမင် သတိပေးလိုက်သည်။

"မင်းသိလား....ငါ အခုကစပြီး အချစ်ကို အယုံအကြည်မရှိတော့ဘူး၊ ငါ ဘယ်သူ့ကိုမှ ရင်မခုန်တော့ဘူး...."

အားရပါးရ ပြောပြနေသည့် ထယ်ယောင်းကိုကြည့်ရင်း ဂျီမင် ခေါင်းခါ လိုက်မိသည်။ ဟုတ်တာလည်း မဟုတ်ဘဲနဲ့...အပိုတွေ
အရှေ့မှာ လူရိပ်ကို မြင်လိုက်တာကြောင့်....

"ထယ်ယောင်း မင်းအနောက်မှာ ......"

ဂျီမင် စကားတောင် မဆုံးသေး.....

ကြားလိုက်ရတဲ့ အသံတွေ.....

ဒုန်း...!!!

"အား...သေပါပြီ"

"ဟို......တောင်းပန်ပါတယ် ၊ ကျွန်တော့်သူငယ်ချင်းက မမြင်လိုက်လို့ပါ"

ဒီလောက် သတိပေးနေတာတောင် ပြောစကားနားမထောင်တဲ့ သကောင့်သားကြောင့် အခု သူပါ ပြဿနာ မဖြစ်အောင် လိုက်တောင်းပန်ပေးနေရသည်။

"ဟိုလေ.....ကျွန်တော် မမြင်လိုက်လို့ပါ ၊ တောင်းပန်ပါတယ်"

"အာ....ရပါတယ် ၊ ကိစ္စမရှိဘူး"

မျက်မှန်လေးကိုပင့်တင်ရင်းပြုတ်ကျသွားတဲ့ စာအုပ်တွေကောက်နေသည့် ကောင်လေးကိုကြည့်ရင်း ထယ်ယောင်းရဲ့ ဘယ်ဘက်ရင်ထဲက အကောင်ပေါက်က ခုန်လာသလိုလို....

𝙼𝚢 𝙿𝙺Where stories live. Discover now