*Unicode*
သာယာနေတဲ့ မနက်ခင်းလေးမှာ အေးအေးချမ်းချမ်းလေး အနားယူရမလား မှတ်တယ် သကောင့်သား ဂင်ထယ်ယောင်းကြောင့်သူ့ရဲ့ မနက်ခင်းလေး ခမျာ မသာယာနိုင် ....
"ငါတစ်ကယ် ပြောတာ ရေလည်လန်းတာကွ မင်းအဲ့ကိုရောက်ရင် လုံး၀ကြိုက်သွားမယ်..."
ပြုံးဖြီးပြီးပြော နေတဲ့ပုံကိုက အချိူးမပြေ
ဘူးရယ်
စောစောစီးစီး သူများအိမ်လာပြီး ရေခဲသေတ္တာထဲက တစ်ခုပြီးတစ်ခု ယူစားနေတာကိုက ပိုလို့ဆိုးစေတယ်.... ဘယ်အချိန်မှ သိတက်မှာလဲ ဂင်ထယ်ယောင်းရာ...."ဂျီမင်ဒါ ဒိတ်လွန်နေပြီမလား တော်တော်တောင်ကြာနေပြီ ...."
လက်ထဲက Banana Milk ဗူးလေးကို ဆွဲဖမ်းချိန်တောင်မရလိုက် အမှိုက်ပုန်းထဲရောက်လို့ သွားလေပြီ......
"အမှိုက်တစ်ခုရှင်းသွားတာပေါ့လွှင့်ပစ်သင့်တာလည်းပစ်ပေါ့ကွာ"
အခုချိန်မှာဂင်ထယ်ယောင်းကိုစိတ်ရှိလက်ရှိ လုပ်ပစ်ချင်နေပြီ နောက် ဆုံးသောအမှတ်တရလေးကိုတောင် ဖျက်ဆီးပစ်ရက်တယ်......
"ဘာဖြစ်နေတာလဲ မင်းမျက်နှာက ခုနစကားဆက်ပြောမယ် မင်းလိုက်ခဲ့ပါလား မင်းသွားချင်ရင်ငါလိုက်ပို့မယ်လေ..."
"ဟိုဆော့ hyung မသိအောင်မင်းသွားနေတာလား..."
သူရဲ့စကားကြောင့် မျက်နှာပျက်သွားပုံအရဆိုရင် သေချာပါတယ် ဒီကောင်ခိုးသွားနေတာဘဲဖြစ်ရမယ်......
"ဟို...မင်းကလဲကွာ တစ်ခါတလေပါ နော်..."
မျက်နှာပုံစံတစ်မျိူးပြောင်းပြီး ချစ်ဖို့ကောင်းအောင်လုပ်ပြနေပုံက သောက်အသဲပေါက်
စရာ....Baby Take My Hand 🎵🎵
I want you to be my husband...🎵🎵🎵"ဟယ်လို"
"......"
"အင်း လာခဲ့မယ်"
"........"
"OK"
"ဘယ်သူဆက်တာလဲ"
"ဂျေဆင်"
စပ်ဖြီးဖြီးဖြစ်နေတဲ့ ထယ်ယောင်းကြောင့် အကြည့်စူးစူးတစ်ချက်သာကြည့်ပေးလိုက်သည်။ဒါတောင်မျက်နှာပိုးကမသေချင်သေး....
YOU ARE READING
𝙼𝚢 𝙿𝙺