Part 3

4.9K 554 2
                                    

Unicode

"ထူးထူးဆန်းဆန်း ရေကူးကန်ဘက်လာလို့ပါလား"

ရေကူးနေရင်းသူ့ကိုမြင်သွားပုံရတဲ့ အွန်ဝူးက ကန်အစပ်အနားကိုကူးလာကာ ဘောင်ကိုမေးတင်ပြီးလှမ်းမေးလိုက်သည်။တစ်ကယ်တော့ သူအခန်းထဲမှာရှိနေရင် ပီကေကို တွေ့နေရအုံးမှာမလား။ဒင်းလေးက တစ်မျိူးမဟုတ်တစ်မျိူး စိတ်အနှောက်အယှက်ပေးနေအုံးမှာ။ဒါကြောင့်ပဲ ရေကူးကန်ဘက်ထွက်လာခဲ့လိုက်တာ။

"မင်းကိုမေးမလို့၊ညနေအားလား"

"အားပါတယ်၊ဘာလို့လဲ"

"မုန့်သွားစားရအောင်၊မင်းနဲ့လည်းသွားမစားရတာကြာပြီလေ"

ဂျောင်ကုရဲ့အ‌ဖြေကို အွန်ဝူးက နောက်ကျောခိုင်းပြီး လက်မထောင်ပြသည်။

"ငါကျောင်းရှေ့မှာ ဘဲ စောင့်နေမယ်နော်"

အွန်ဝူးကို ပြောပြီးစာကြည့်တိုက်ဘက်ထွက်လာခဲ့လိုက်သည်။တစ်ကယ်တော့ အွန်ဝူးနဲ့ကျွန်တော်နဲ့က ငယ်‌သူငယ်ချင်းတွေပဲဆိုပါတော့။အထက်တန်းအထိ အတူတူပေမယ့် တက္ကသိုလ်ရောက်မှသာ မေဂျာကွဲသွားကြတာ။

ကိုယ်လိုချင်တဲ့စာအုပ်ကိုလှမ်းနေတဲ့အချိန် ကိုယ့်လက်ကို လှမ်းကိုင်လိုက်တဲ့လက်တစ်စုံ။....မဟုတ်ဘူး........ စာအုပ်ကိုလှမ်းကိုင်လိုက်တာဆိုပိုမှန်မယ်။ကြည့်လိုက်တော့ ပီကေလေး။ဂျောင်ကု အလိုမကျစွာမျက်‌ေမှာင်ကျူံ့ပြီး

"ပီကေလေး ဘာလို့ငါ့နောက်လိုက်နေတာလဲ"

ကိုယ့်ရဲ့ ဘောက်ဆက်ဆက်အမေးကို ဒင်းလေးက အပြုံးတောင်မပျက်။

"ငါက စာကြည့်တိုက်ထဲ အရင်ရောက်နေတာပါ၊မင်းခုနက ၀င်လာတာတွေ့သားပဲ"

ပီကေလေးရဲ့အဖြေကြောင့် ဂျောင်ကုလည်း ရှက်ရှက်နဲ့ ဂုတ်ကို လက်နဲ့အသာပွတ်နေလိုက်သည်။ဒါက သူရှက်ရင် လုပ်တက်တဲ့ အပြုအမူတစ်ရပ်ပဲမဟုတ်လား။

"ဒါဆို ဘာလို့ ငါယူမယ့်စာအုပ်ကိုလိုက်ယူတာလဲ"

ဟုတ်တယ်လေ ဒါတော့ သူတမင်သက်သက်လိုက်ယူတာပဲဖြစ်ရမယ်။

"မင်းယူချင်တယ်ဆိုလည်း ယူပေါ့ ငါတစ်ခြားဟာပဲဖတ်လိုက်မယ်"

𝙼𝚢 𝙿𝙺Where stories live. Discover now