part 11

4.7K 507 14
                                    

*Unicode*

အခုချိန်ထိ အခန်းထဲက ထွက်မလာသေးသည့် ပီကေလေးကို သူအပြင်ကနေစောင့်နေမိသည်။လှုပ်ပဲ့ လှုပ်ပဲ့ နဲ့ ထွက်လာတာမြင်တော့မှ ဂရုမစိုက်သလို နေလိုက်ရင်း.....

"ဟင်...ဂျောင်ကု မပြန်သေးဘူးလား"

"အန်.....အင်း ရုပ်ရှင်သွားကြည့်မလို့ လက်မှတ်က နှစ်စောင်၀ယ်လိုက်မိသွားလို့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတာ"

ဂျီမင် ရဲ့အဖြေကို မျက်လုံးလေးပြူးကာစောင့်နေပြီး......

"အဲ့ဒါဆို ငါလည်းကြည့်ချင်နေတာ မင်းနဲ့ အတူကြည့်လို့ရလား"

"လက်မှတ်လည်းပိုနေတာဆိုတော့ အတော်ပဲဖြစ်သွားတာပေါ့ "

သူ့ဂွင်ထဲရောက်ပြီဆိုတာနဲ့ ဂျောင်ကု နှစ်ခါတောင် ပြောစရာမလို....

ရုပ်ရှင်ကြည့်နေသည့် တစ်ချိန်လုံး သူ့ရဲ့အာရုံက ရုပ်ရှင်ထဲမှာမရှိ ဘေးနားကပေါက်ပေါက်စားနေသည့် ပီကေလေးဆီကိုသာ ရောက်လို့နေသည်။
တစ်ချက်တစ်ချက် လက်ချင်းဆုံသွားတိုင်း သူတစ်ယောက်တည်းရင်တွေခုန်နေသလိုလို
ပီကေလေးကတော့ အေးအေးဆေးဆေးသာ ရုပ်ရှင်ဆက်ကြည့်လို့နေသည်။

"ဂျောင်ကု ဇာတ်ကားကို မကြိုက်လို့လား တစ်ချိန်လုံး ခပ်တည်တည်ကြီးပဲကြည့်နေတယ်"

"ကြိုက်ပါတယ် ဒီအတိုင်း...."

စကားကိုဒီအတိုင်းဖြတ်လိုက်သည့် ဂျောင်ကုကိုကြည့်ရင်း သူခေါင်းညှိတ်လိုက်မိသည်။

"ရောက်ပြီ ငါသွားတော့မယ်"

"ခန"

သူ့ရဲ့လက်ကို ဆွဲလိုက်သည့်ဂျောင်ကုကြောင့် သူမျက်ခုံးလေးပင့်သွား၏တစ်ခုခုပြောဖို့ စဉ်းစားနေသည့် ဂျောင်ကုကိုကြည့်ရင်း သူကြောင်တောင်တောင်လေးစောင့်နေမိသည်။

"ပတ်ဂျီမင်"

"အင်း..."

"ငါပြောတာသေချာနားထောင် ငါလည်းအခုရက်ပိုင်းဘာတွေဖြစ်နေမှန်းမသိဘူး ငါ့ကိုယ်ငါဘာတွေဖြစ်နေမှန်းတောင်မသိဘူး
ဒါပေမယ့် မင်းငါ့ကို သဘောကျနေတာက ငါ့အတွက်အနှောင့်အယှက်တစ်ခုလိုပဲ ငါ့ကိုရှုပ်ထွေးစေတယ် ကျေးဇူးပြုပြီး မင်းက..."

𝙼𝚢 𝙿𝙺Where stories live. Discover now