*Unicode*
"We were so beautiful
We Were so tragic
No other magic""ဟယ်လို..."
"အေး...ဂျီမင် ဒီနေ့ မင်းအားလား.."
အားရင်လေ....ငါနဲ့ရုပ်ရှင်အတူတူသွားကြည့်ရအောင်""အော်ဟော်....ထူးထူးဆန်းဆန်းပါလား"
"ဟဲဟဲ...တစ်ကယ်တော့ ဒီနေ့ ငါ့ကောင်မလေးနဲ့ရုပ်ရှင်အတူတူသွားကြည့်မလို့ပဲ၊ဒါပေမဲ့......."
"အဲ့တော့...အဲ့ကောင်မလေးနဲ့ မင်းနဲ့ပြတ်သွားတော့ ရုပ်ရှင်လက်မှတ်ကို နှမြောပြီး ငါကကြည့်ရမယ်ပေါ့"
"ဟာ....မင်းက သိနေတယ်ပေါ့လေ"
"အရူး.....ငါက အသုံးချခံရတာပေါ့လေ"
"အဲ့လိုလည်းမဟုတ်ပါဘူးကွာ....မင်းလည်းအားနေတာဆိုတော့၊ အပျင်းပြေတာပေါ့"
"အပိုတွေပြောမနေနဲ့ လာခဲ့မယ်"
ဂင်ထယ်ယောင်းဆိုသည်မှာ တွဲသည့်ကောင်မလေးများနှင့် တစ်ပတ်ပင်မခံ ၊ ပြတ်လိုက်တိုင်းလည်း ကောင်မလေးတွေဘက်ကပင် စဖြတ်ခြင်းသာ၊ ဒင်းက တစ်ခါတလေကျရင် ကြီးကြီး ကျယ်ကျယ် အချစ်ကြောင်းတွေလည်းပြောတက်သေးသည်။
တစ်ကယ်တော့ အိမ်မှာလည်း သူမနေချင်တာကြောင့် ထယ်ယောင်းနှင့် အတူရုပ်ရှင်ကြည့်ဖို့သာ ထွက်လာခဲ့လိုက်သည်။
* * * *
"ဂျီမင်...ငါဒီမှာ..."
"ခုစတော့မှာလား.."
"အင်း....စတော့မှာ"
"ဘာကားလဲ....သရဲကားဆိုရင်တော့ လာခဲ့တဲ့လမ်းအတိုင်း ငါလှည့်ပြန်မှာနော်"
"မဟုတ်ပါဘူးကွာ.....ငါ့ကောင်မလေးနဲ့ကြည့်မယ့်ကားကို သရဲကားရွေးစရာလား"
"အေး.....မင်းကောင်မလေးမရှိတော့ ငါလာကြည့်နေရတာမဟုတ်ဘူးလား"
"ရိုမန့်စ်တစ် ဖြစ်တဲ့ဇာတ်ကားလေးပါကွာ .."
"သရဲကားမဟုတ်ရင်ပြီးတာပဲ....သွားမယ်"
ရိုမန့်စ်တစ်ဇာတ်ကားသာပြောတယ် ....ကြည့်ရမှာမျက်ခုံးခပ်လှုပ်လှုပ်ရယ်..
YOU ARE READING
𝙼𝚢 𝙿𝙺