𝙿𝚊𝚛𝚝 𝟸𝟶

5.2K 341 36
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

သူ့ကို လာခေါ်မယ်လုပ်နေတဲ့ ဂျွန်ဂျောင်ကု ကြောင့် ဂျီမင် ခပ်မြန်မြန်ငြင်းလိုက်ရတယ် အခုရက်ပိုင်းအတွင်း သူ့အိမ်မှာ အချိန်ပြည့် ရှိနေတဲ့ ထယ်ယောင်းကြောင့် သူမကျေမနပ်ဖြစ်လို့နေမိသည်။

ဂျောင်ကုကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုမသင်္ကာဖွယ်ဖွယ်ဖြစ်နေတာကြောင့် သူ့မှာဘာလုပ်လုပ် ထယ်ယောင်းမျက်စိအောက်မှ  စောင့်ကြည့်ခြင်းခံနေရသည်။

"မင်း ငါ့ကို ကြည့်နေတာရပ်ပေးလို့ရမလား"

သူ့အိပ်ခန်းက မွေ့ယာပေါ်မှာ ခြေနှစ်ချောင်းချိတ်ထိုင်လက်ပိုက်ပြီး တစ်ကိုယ်လုံးကို ပေါက်ထွက်မတက် စိုက်ကြည့်နေတာကြောင့် သူမနေနိုင်သည့်အဆုံး သတိပေးလိုက်ရသည်။

"ပတ်ဂျီမင်တို့ တော်တော်ပြောင်းလဲသွားပြီ ခုလို ပိတ်ရက်ဆို ဘယ်
မှမထွက်တဲ့ကောင်က ဘာတဲ့ သူငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်မလို့
ဟုတ်လား ငါ့နဲ့ ဂျေဆင်ဆိုတဲ့ တစ်ယောက်အပြင် မင်းမှာသူငယ်ချင်းက ဘယ်သူရှိသေးလို့လဲ"

မှန်ထဲမှ အ၀တ်အစားပုံစံကို သေချာကြည့်လိုက်ပြီး 'ပြည့်စုံတယ်'

"လူတွေက အချိန်တိုင်းပြောင်းလဲနေတာပဲလေ ငါလဲလူတွေထဲက
လူတစ်ယောက်ပဲ ပြောင်းလဲတာဆန်းလို့လား"

"ဆန်းတယ်ကွ တော်တော်ကြီးကိုဆန်း‌ေနတာ မေးတာသာဖြေစမ်းပါ မင်းက ဘယ်သူငယ်ချင်းကို သွားတွေ့မှမလို့ အဲ့လောက်ပြင်ဆင်နေရတာလဲ"

"မင်းသာ ငါ့အပြင်သူငယ်ချင်းမရှိတာလေ ငါ့မှာ မင်းမသိတဲ့ သူငယ်ချင်းတွေအများကြီးပဲ အိုကေ?"

ထယ်ယောင်းခုတစ်လော အဘွားကြီးတစ်ယောက်လို သူဘာလုပ်လုပ် မေးခွန်းတွေမေးအဖြေတွေစစ်ပြီး ကြက်မကြီးလို သူ့ကို
ဥတစ်လုံးသဖွယ် သဘောထားကာ မခွဲမခွာ‌ဖြစ်နေရအောင်ကိုတော်တော်တွယ်ကပ်နေတာကြောင့် သူဒီလိုတွေးမိတာ မမှားဘူးဟုထင်သည်။

"ငါသွားပြီ.. အိမ်ကိုသေချာကြည့်ထား ကြားလား ငါ့အိမ်မှာ အလကားနေပြီး အလကားစားမယ်မကြံနဲ့ ဒီအဖေကလည်း မင်းကိုစောင့်ကြည့်နေတယ်"

You've reached the end of published parts.

⏰ Last updated: Aug 14, 2021 ⏰

Add this story to your Library to get notified about new parts!

𝙼𝚢 𝙿𝙺Where stories live. Discover now