Part 4

4.7K 560 9
                                    

Unicode

ညနေမုန့်သွားစားရန် ချိန်းထားတာကြောင့် ဂျောင်ကု ကျောင်းရှေ့ကနေ အွန်ဝူးအလာကိုစောင့်နေလိုက်သည်။ခနကြာတော့ ဂျောင်ကု ပခုံးပေါ်ရောက်လာတဲ့လက်တစ်စုံ

"စောင့်ရတာကြာသွားလား၊ဂျူနီယာလေးတွေနဲ့စကားပြောနေလို့"

သူ့ကိုအားနာ၍ ဖြေရှင်းချက်ပေးနေသော အွန်ဝူးကို အသာခေါင်းယမ်းလိုက်ပြီး

"မကြာပါဘူး၊ရပါတယ်....."

"ဒါဆို Euophoria ကိုသွားမယ်လေ"

"အင်း"

တစ်ကယ်တော့ Euphoria ဆိုတာ သူကြိုက်နှစ်သက်တဲ့ဆိုင်လေးတစ်ဆိုင်၊ဆိုင်အပြင်အဆင်ကလည်းအရမ်းကောင်းသလို၊အစားအသောက်တွေကလည်း သူ့အကြိုက်တွေကြည့်ပဲ

"ဂျောင်ကု ငါကြက်ကြော်နဲ့ ကိုလာမှာလိုက်ပြီ"

"OK"

မှာထားတာတွေစောင့်နေတုန်း ဆိုင်တံခါးပေါက်ကိုလှမ်းကြည့်မိလိုက်တော့ သူ့ကို ဒုက္ခပေးတဲ့နေရာမှာနှစ်ယောက်မရှိတဲ့ ပီကေလေး ၊ Menu book ကို ပီကေလေးမမြင်အောင် မျက်နှာနဲ့အသာကွယ်လိုက်သည်။

"ဂျောင်ကုထပ်မှာအုံးမလို့လား"

Menu book ကြီးကိုင်ထားတဲ့သူ့ကို အွန်ဝူးကထပ်မှာမည်အထင်နှင့်လှမ်းမေးလိုက်သည်။

"မဟုတ်ပါဘူး..... ဘာတွေရလဲကြည့်နေတာပါ"

ကောင်တာရှေ့မှာရပ်နေတဲ့ ပီကေလေးကို ဂျောင်ကု Menu book ကိုအသာအောက်ချပြီး မသိမသာလှမ်းကြည့်လိုက်သည်။

မမြင်ပါစေနဲ့ ......မမြင်ပါစေနဲ့......

ဂျောင်ကုအသံတိတ်ဆုတောင်းလိုက်သည်။ဆိုင်ထဲမှာ aircon ဖွင့်ထားတာတောင် ချွေးတွေကပြန်လာသလိုလို၊ဂျောင်ကုဆုတောင်းတွေ ပြည့်သွားတယ်ပဲဆိုမလား၊ပီကေလေးကသူ့ကိုမြင်ပုံမရ၊ဆိုင်ထဲက ထွက်သွားတော့မှ ဂျောင်ကုအသက်၀၀ရူလိုက်သည်။တစ်နေ့ တစ်နေ့ ဒုက္ခကလည်း မသေးပါလား၊မှာထားတာတွေ လာချတော့ ကိုလာခွက်ကို လှမ်းယူလိုက်ပြီး ‌အားရပါးရသောက်နေတဲ့ ဂျောင်ကု...

"ဂျောင်ကု၊ မင်း ....ပတ်ဂျီမင်ကို သိလား"

"အဟွတ်... အဟွတ်..."

𝙼𝚢 𝙿𝙺Where stories live. Discover now