17

8K 756 30
                                    



'သေရော စီးအိးအိုဂျွန် ဟ!!!'

စိတ်ပျက်စွာ ထိုစကားကိုရေရွတ်ရင်း
ဆော့ဂျင် မျက်နှာကိုချက်ချင်းလွဲလိုက်ပေမယ့်
သန့်စင်ခန်းထဲမှ ထွက်ဖို့လုပ်နေတဲ့အနှီးလူသားရဲ့ ခြေလှမ်းဟာ သူဘက်သို့ပြန်လှည့်လာသည်။


"တဆိတ်လောက် မိန်းကလေး
ဒါ ယောက်ကျားလေးသန့်စင်ခန်းကြီးနော် !!"

°°ရူးချင်တာပဲ ၊ငါစကား‌ပြောလိုက်ရင်
ငါအသံသူမှတ်မိသွားမှာ°°

နီညို‌ရောင်စတိုင်ပန်ကို အနက်ရောင် ရှပ်နဲ့တွဲဝတ်ထားတဲ့
စီအီးအိုဂျွန်  က အပေါ်ထပ်ကုတ်လေးကို လက်မှာကိုင်လျက်နဲ့သူအနားသိုတဖြေးဖြေးတိုးလာသည်မို့သူရှောင်ထွက်ဖို့ကြံမိတော့သည်။
သူခုနကတွေ့ခဲ့တာ ဟိုဂျွန်မျိုးနွယ်ပါ
အာ့ဂျွန်မျိုးနွယ်ကို
ရှောင်ဖို့ သန့်စင်ခန်းထဲပြေးဝင်လာမိတာ ၊ ဘယ်လိုလုပ် ဒီအကျင့်ပုတ် ဂျွန်မျိုးနွယ်က
ပေါ်လာရတာလဲ သူတကယ်ရူးချင်တော့တာပဲ။

ဒီလိုအဝတ်အစားဝတ်ထားတာ
သူမှန်းသာသိသွားလျှင် ပြောလိုဆုံးမှာတောင်မဟုတ်ဘူး။
ဒါကြောင့်
ဘယ်လိုနည်းနဲ့မဆို ရှောင်ထွက်မှ ဖြစ်မယ်။

သူအသံကိုညှစ်ကာ *စော်ရီး မှားသွားတယ်ရှင့်*
ဟု‌ဆိုမိသလို သန့်စင်ခန်းထဲကလဲ ထွက်ဖို့ပြင်ပေမယ့်
အချိုးမပြေတဲ့ ဒီဖိနပ်ကြောင့် ကျားရှေ့မှောက်ရက်လဲတော့သည်။

"အမေ့~~°°"

သူခါးကိုထိန်းဖမ်းထားတဲ့ လက်အစုံကြောင့် သန့်စင်ခန်းကြမ်းပြင်ပေါ်သူ လဲမကျသွားပေမယ့် ဆံပင်အတုလေးကတော့ နေရာလွဲသွားခဲ့သည်။

"ဟင်!!မင်းက မင်းက!!"

သူမျက်နှာကိုမြင်သွားပုံရတဲ့ စီအီးအိုက တအံတဩဖြစ်နေတာမို့ မျက်နှာကိုလွဲကာ စီအီးအိုဆီမှရုန်းထွက်မိသည်။
ဒါပေမယ့် သူခါးပေါ်ကလက်တွေကတင်းကြပ်သွားကာ ငုတ်နေတဲ့သူမျက်နှာကို ဆွဲမော့လာလို ရီဝေနေတဲ့ စီအီးအို မျက်ဝန်းတွေနဲ့ ဆုံမိတော့သည်။

C E O J e o n👑☑️ CompletedWhere stories live. Discover now