21

7.8K 776 66
                                    

ဘယ်နခေါက်မြောက်မှန်းမသိ ရေးလိုက်ဖြဲလိုက်လုပ်နေမိသော နုတ်ထွက်စာရေးခြင်း။

စိတ်ပိုင်းဖြတ်ပြီး သူစရေးပေမယ့် ..ရေးလိုက်တိုင်း အစီစဉ်တကျမရှိ။

"ကင်မ်ဆော့ဂျင်!!!
ဘာလို့မရေးနိုင်ရတာလဲ
မင်းသူဘေးနားမှာ ဆက်ရှိနေချင်သေးတာလား?ဘာလဲ?
စေ့စပ်တော့မယ့်လူရှိတဲ့သူကို
မျှော်လင့်နေချင်သေးတာလား အားးး"

စိတ်ရှုပ်စွာဖြင့် စားပွဲခုံလေးပေါ် ခေါင်းမှောက်အိပ်လိုက်မိသလို နှာတွေကလဲ မတရားစီးလာလို မျက်လုံးတွေလဲ မှေးစင်းလာသည်။ သူတကယ်ဖျားချင်နေပြီ။

နောက်ဆုံးတော့ နုတ်ထွက်စာရေးခြင်းအောင်မြင်သွားပေမယ့်
နုတ်ထွက်စာတင်ဖို့ သူအခက်ကြံုလာပြန်သည်။သူစီအီးအိုမျက်နှာကိုမကြည့်ရဲ။
သူကိုမြင်ရင် ဒေါသထွက်နေမလား ၊
ထွက်စာပေးရင် ဘယ်လိုစကားတွေနဲ့တုန့်ပြန်မလဲ?

အရင်ဆုံး သူပိုက်ဆံတွေဆပ်ခဲ့ဖို့ပြောမှာသေချာတယ်။

"ဟူးးးးး"

သူဒီလို
ပိုက်ဆံကိစ္စကြောင့်သူ ဟိုဆော့ ကမ်းလှမ်းချက်ကို
လက်ခံဖို့ဆုံးဖြတ်ချက်ချလိုက်မိသလို သူဘဏ်စာအုပ်ထဲရှိမယ့် ပိုက်ဆံအားလုံးကို မနက်ကြရင်ထုတ်ယူလိုက်ဖို့လဲ ရည်ရွယ်လိုက်တယ်။

လည်ထောင်စွယ်တာလေးအပေါ် ကုတ်ထူထူတထည်ကို
ထပ်ဝတ်ထားပေမယ့် သူကိုယ်ထဲ ချမ်းစိမ့်စိမ့်ခံစားနေရတုန်း
ညက ဟိုဆော့သူကို ဆေးဝယ်ပေးလိုက်ပေမယ့်
သူမနက်မှသောက်ဖြစ်လို ဆေးအစွမ်းမပြသေးဘူးထင်ပါရဲ့။

"ဟူးးး လေ‌ကလဲ
ဒီနေ့မှ မတရားတိုက်နေပါလားနော် "

ဘဏ်မှတဆင့် companyရှိရာသို့ လမ်းလျှောက်ခဲ့သည်
တလျှောက်လုံး လေအေးတွေအရမ်းတိုက်နေသည်မို့
သူကိုယ်လေးကြုံနေမိသည်။
မာဖလာတခု မပတ်ခဲ့မိတဲ့ သူကိုယ်သူလဲ အပြစ်တင်မိလိုက်သေးတယ်။

"ဟူးး မြန်မြန်ဝင်မှ!!'

အဆောက်အအုံထဲသူရောက်ခါမှ နွေးသွားသလို ခံစားရသည်။ ဝန်ထမ်းကဒ်လေးကို
အလျင်အမြန်ဖြတ်ရင်း ဓာတ်လှေခါးထဲသို့ဝင်လာခဲ့လိုက်သည်။
တံခါးပွင့်လာမည်အချိန်တွင်‌တော့ စိတ်လှုပ်ရှားစွာဖြင့် ခြေလှမ်းတွေ နှေးကွေးသွားခဲ့သည်။

C E O J e o n👑☑️ CompletedWhere stories live. Discover now