8

7.7K 831 55
                                    



မူးနောက်နေသေးသောခေါင်းကို အတင်းအလုပ်ပေးကာ
ညကကိစ္စတွေကိုပြန်စဉ်းစားစေပေမယ့် အသိတို့က အိမ်လိုက်ပို့ပေးမယ်ဆိုသော လူရဲ့ တွဲ့ခေါ်မူအနောက်ပါသွားသည်အထိသာရှိနေသည်။

"မစ္စတာဂျွန်!!!
ဟုတ်တယ် သူနမည်ကိုအလိုပြောခဲ့တာ
ငါဘဝမှာ ဘယ်ဂျွန်မျိုးနွယ်နဲ့မှ
သောက်ကျိုးမပေးဘူး
ငါအခုဘယ်လိုလုပ်ရမလဲ အဟင်ါ့ အဟင့် "

ပါးစပ်ကလဲကျိန်ဆဲရင်း ကုတင်အောက်ဆင်းလာတဲ့ ဆော့ဂျင် နံရံကပ်ဗီတိုကို တံခါးအထင်နဲ့ သွားဖွင့်မိသေးသည်။

ပြီးမှ တံခါးအစစ်ကိုတွေ့ပြီး အခန်းအပြင်ရောက်လာခဲ့ပေမယ့်  အပြင်ရူခင်းကိုအကုန်မြင်ရတဲ့ နံရံတွေကြောင့် သူရောက်နေတာ အထပ်မြင့်ကွန်ဒိုတခုတွင် ဖြစ်နေမှန်းသိလိုက်ရတယ်။

အိမ်ခန်းထဲထားရှိထားတဲ့ ပရိဘောက ပစ္စည်းတွေကလဲ အဖိုးနည်းပစ္စည်းတခုမှမရှိမှန်းသိလိုက်ရချိန်မျက်လုံးတွေ ကားဘီးလောက်
ပြူးကျယ်သွား‌ေတာ့တယ်။

သူတခြားနိုင်ငံကိုများရောင်းစားခံလိုက်ရပြိလား?

ထိုအချိန် အသံတခုကြားလိုက်ရတာမို့ ဘေးကတွေ့တဲ့ ပန်းအိုးတလုံးကိုကောက်ကိုင်ကာ အသံကြားရာဘက်သို့ ခြေသံမကြားအောင်လာခဲ့မိချိန်။

"ဟင်!!"

ညအိပ်ဘောင်းဘီအပွတထည်သာဝတ်ထားပြီး
အပေါ်ပိုင်းအဝတ်မဲ့နေတဲ့ လူတယောက်!!! မီးဖိုခန်းထဲတွင် သူကို ကျောပေးလျက်ရပ်နေတာမို့ သူနည်းနည်းတော့လန့်သွားမိတယ်။

"ဒီလူယုတ်မာ‌ကောင်လား ? ငါကိုခေါ်လာတာ
ဒင်းသေပြိသာမှတ်
Yahhhhhhh!!!!"

ပန်းအိုးလေးကိုကျစ်ကျစ်ပါအောင်ကိုင်ပြီး ထိုလူသားဆီ
တဟုန်ထိုးပြေးလာတော့ သတိရှိပုံရတဲ့ ထိုလူသားက
သူလက်ကိုဖမ်းချုပ်ကာ လက်ထဲကပန်းအိုးကို ဆွဲလုလိုက်သည်။

သူကိုယ်ကိုလဲ ဆွဲလှည့်ကာ ဖမ်းချုပ်လိုက်သည်မို့ တခဏအတွင်းမှာ အခြေနေတွေပြောင်းပြီး ထိုလူရဲ့ ရင်ခွင်ထဲသူကိုယ်လေးရောက်သွားကာ လက်တွေကလည်း ဆွဲအချုပ်ခြင်းခံလိုက်ရသည်။

C E O J e o n👑☑️ CompletedWhere stories live. Discover now