19

7.6K 735 36
                                    

သူ‌ခြေလှမ်းတွေက ဆော့ဂျင်ကောင်တာလေးအနား
တိုးလာမိတုန်း သူ့ရုံးခန်းထဲဝင်လာတဲ့
တစုံတယောက်။

ခြေသံတွေက သူရှိရာသိုဦးတည်လာနေသည်ကို
သိလိုက်ရလို လှည့်ကြည့်မိတော့ သူမျက်ခုံးတွေတွန့်သွားမိသည်။

"Hi ,ဂျောင်ကု!!"

"အစ်ကိုက ဒီကိုဘာကိစ္စလဲ?"

ဘယ်လောက်ပဲ အကိုဟိုဆော့က သူအပေါ်ရင်းရင်းနှီးနှီးဆက်ဆံပါစေ ၊ သူဘက်ကတော့
အရောတဝင်နေရန်ဆန္ဒမရှိပါ။
ဒါကြောင့် အလုပ်ကိစ္စဖြစ်ဖြစ် ၊ မိသားစုကိစွဖြစ်ဖြစ် လိုရင်းတိုရှင်းသာ သူပြောမိသည်။

"ဒီကောင်စုတ်လေး အကိုကလာလည်တာကိုးး "

သူတို့စကားသံကြောင့် ခေါင်းလေးထောင်ပြီးကြည့်လာတဲ့
ဆော့ဂျင်မျက်နှာလေးဟာ အံဩသွားသယောင်။

"ကိစ္စလိုပြောရရင်တော့
ကြိုလာမိတ်ဆက်ထားတဲ့သ‌ဘော‌ပေါ့ ၊
လာမယ့်ရှယ်ယာရှင်အစည်းအဝေးမှာ ရှယ်ယာရှင်တယောက်အနေနဲ့ ပါဝင်လာမှာကိုယ်လေ"

ဆော့ဂျင် ကောင်တာလေးကိုမှီရင်း ဟန်ကျကျပြောနေတဲ့အနှီးလူသားကိုသူသိပ်ဘဝင်မကျတာမို့ ဆော့ဂျင်ကိုမျက်စပြစ်ပြကာ ထရပ်ဖို့
အမိန့်ပေးလိုက်သည်။

"နေရင်းထိုင်ရင်း companyကိစ္စတွေစိတ်ဝင်စားလာတယ်ဆိုပါတော့ .. '

"အင်းး အကိုလဲ ရာထူးတနေရာလောက်ဝင်ယူရင်ကောင်းမလားလို့ ၊ ဦးလေးကလဲ တိုက်တွန်းတော့လေ!!"

ဇက်လေးကိုပွတ်ကာ ခပ်ပြုံးပြုံးလေးနဲ့ပြောလာတဲ့လူရိုးလေးကိုသူခပ်တည်တည်ဖြင့်သာကြည့်နေမိတုန်း ‌စေတနာရှင်လေးက ဘာယူပေးရမလဲ
အပူလား? အအေးလားတဲ့လေ။

ဒင်းလေးဟာလေ သူကလွဲရင် တခြားလူအပေါ်ဆို လောကွတ်ချော်နေမြဲပင်။

"Coffee ပေးပါ ဆော့ဂျင်ရှီ!!
ဝါး ဂျောင်ကု အခန်းက ထင်ထားတာထက်ကောင်းတာပဲ ၊ ဟုတါတာပေါ့ စီအီးအိုရုံးခန်းပဲဟာ"

ပြောပြောဆိုဆို
ဂ သူအခနိးထဲဝင်ကာ စပ်စုနေတဲ့သူ နောက်
လိုက်သွားရင်း ‌ခါးထောက်ပြီးသာကြည့်နေမိတော့သည်။

C E O J e o n👑☑️ CompletedWhere stories live. Discover now