15

7.6K 763 15
                                    

စီးအီးအိုပြောသည့်လမ်းအတိုင်းသူမောင်းနှင်ခဲ့ရာက

နောက်ဆုံးတော့ ခြံတံခါးအမြင့်ကြီးတခုရှေ့ရောက်လာခဲ့ပါသည်။  စီအီးအို ဖုန်းဆက်လိုက်တော့မှ ပွင့်လာတဲ့ ခြံတံခါးကြောင့် ကားလေးကိုဆက်မောင်းလာသည်အထိ အိမ်မကြီးကိုမမြင်ရသေး။


ခြံကြီးကကျယ်လိုက်တာ!!

ဝါးးး ရေကူးကန်လဲရှိတယ်!!
ပန်းပင်လေးတွေကလဲ လှလိုက်တာ!!

အိုမိုင်း!! 
ဟိုဘက်မှာ မြင်းတွေလဲရှိတာပဲ မိုက်လိုက်တာ !!

ဆင်ဝင်အကျယ်ကြီးအောက်မှာသူကားလေးရပ်လိုက်ထိတိုင်
သူငေးကောင်းကောင်းနဲ့ ငေးနေဆဲပင်။
ပြီးမှ အသိဝင်ကာ
ကားပေါ်ကအမြန်ဆင်းရင်း စီအီးအိုကိုတံခါးဖွင့်ပေးတော့ ဒင်းက သူတံခါးဖွင့်ပေးတဲ့ဘက်က မဆင်းဘဲ နောက်တဖက်မှဆင်းသည်။

သူအိမ်ရောက်တယ်ဆိုတော့ အထာပြနေတယ်ပေါ့လေ ကိုစိတ်ပုတ်!!
ဆော့ဂျင်တယောက်စိတ်ထဲကသာ ရေရွတ်လိုက်ရင်း အိမ်မကြီးထဲဝင်သွားပြီဖြစ်တဲ့ ဂျောင်ကုအနောက် အားဆေးဗူးအထုတ်တွေကိုကိုင်
လိုက်လာမိတော့သည်။

"ဟယ် သားလေး!!"

"သခင်လေး!!"

"မတွေ့တာကြာပြီနော် အဒေါ်ကြီး!!"

စီအီးအိုရဲ့လက်ကိုဆုပ်ကိုင်ကာ နှုတ်ဆက်လာတဲ့ အဒေါ်ကြီးတွေကို ဟက်ဟက်ပက်ပက်ရယ်မောရင်း ပြန်လည်နှုတ်ဆက်နေတဲ့ စီအီးအိုကိုသူအကြောင်သားငေးမိပါသည်။

စီအီးအိုရဲ့ အရယ်အပြုံးတွေကိုသူတွေ့ဖူးပေမယ့်
ဒီလို ဟန်ဆောင်မူကင်းတဲ့ အပြုံးချိုချို မျိုးတွေတော့ မမြင်ဖူးမတွေ့ဘူးခဲ့တာမို့ ။

"ကျတော် အဒေါ်ကြီးတို့အတွက် လက်ဆောင်ယူလာတယ်
ခင်ဗျား အာ့မှာဘာလုပ်နေတာလဲ?"

သူဘက်ရုတ်တရက်လှည့်လာတဲ့ စီအီးအိုရဲ့ အသံကြားကာမှသူသတိပြန်ဝင်ကာ ခေါင်း‌ေလးအသာ ခါပြရင်း အရှေ့သို့တိုးလာမိသည်။

C E O J e o n👑☑️ CompletedWhere stories live. Discover now