36

7K 639 35
                                    

ဂျောင်ကု ရေချိုးခန်းထဲကထွက်လာတော့
ကုတင်ပေါ် ဆူပုတ်ကာ ထိုင်နေတဲ့ ဆော့ဂျင်ကိုတွေ့လိုက်သည်မို့ အနားသွားရန်ပြင်တုန်း သူကိုယ်ကိုတိုက်ကာ ရေချိုးခန်းထဲ ဝင်သွားလိုက်လေပြန်သည်။
ဒါကြောင့်ရေချိုးခန်းထဲလိုက်ဝင်ကာ။

"အခုထိကိုယ့်ကို စိတ်ဆိုးမပြေသေးဘူးလား
ဆော့ဂျင်ရာ!!"

"ဘာလို့လိုက်လာတာလဲ သွား ထွက်သွားလို!!"

"စိတ်ဆိုးပြေပါတော့ကွာ ၊ မနေ့က ကိုယ်
အသဲအရမ်းယားလာလို့ပါ ဒါကြောင့်ညက!!"

"အသဲယားတာနဲ့ဘာမှမဆိုင်ဘူးး
မနက်ကြမှ
ခြေထောက်ကို အကွင်းရာထင်အောင် ကိုက်တာ ၊ အာတာ အသဲယားတာမှမဟုတ်တာ!!"

"အလိုပြောကြေးဆို ဆော့ဂျင်က ကိုယ်ဆံပင်တွေကို ကျွတ်ထွက်မတက် စောင့်ဆွဲခဲ့တယ်လေ ၊ "

"အာတာက '~ အာ့အချိန်က !!"

ဆော့ဂျင်တယောက် ဆက်ပြောမည့်စကားရပ်သွားကာ နားဖျားလေးတွေရဲတက်လာသည်။
ကားပေါ်တွင်ဖန်တီးခဲ့တဲ့အချစ်ညလေးအကြောင်း
ပြန်ပြောရမှာကို ရှက်နေပုံရတဲ့ဆော့ဂျင်က
ညက သူဆံပင်တွေကိုမညှာမတာဆွဲခဲ့လေသေးသည်။ ဒါကြောင့် သူ အစပြန်ဖော်ပေးနေခြင်းဖြစ်သည်။

"တောါပြီ  ရေ ချိုးတော့မယ်
ဂျောင်ကု ထွက်သွားပေးတော့  "

"ခြေထောက်က အရမ်းနာနေတယ်မလား
ကိုယ်ရေချိုးပေးမယ်လေ!!"

"ဂျောင်ကု မင်းးး!!!
မင်းကိုငါ သိပ်ကျေနပ်တာမဟုတ်ဘူးနော် "

လက်ညိုး‌ကောက်ကောက်လေးကို သူအရှေ့
ထောင်ထောင်လုပ်ရင်း ခြိမိးခြောက်လာတော့
ဂျောင်ကုရယ်မိကာ ထိုလက်ချောင်းလေးကိုကိုက်လိုက်မိသည်။

"အာ့ ''"

လက်လေးနာလို ထအော်နေတဲ့ဆော့ဂျင်ကိုယ်လေးကို သူအနားဆောင့်ဆွဲရင်း နားဖျားရဲရဲလေးကိုပါ  ခပ်ဖွဖွကိုက်ပြန်သည်။

တွန့်လိမ်ကာရုန်းလာတဲ့ ကိုယ်လေးကို
ပြန်ဖက်ထားရင်း လည်ပင်းနုနုထက်က
လှပစွာရှိနေသော ပတ္တမြားရောင် အကွက်လေးတွေကို ဆက်နမ်းသည်။
အသဲထပ်ယားလာပြန်လို သွားလေးဖြင့်ကိုက်မိတော့ အခုထိ ဘာမှမဝတ်ရသေးတဲ့
သူရင်ဘတ်လေး တအုန်းအုန်းနဲ့အထုခံရတော့သည်။

C E O J e o n👑☑️ CompletedWhere stories live. Discover now