3

8.3K 773 41
                                    


နေ့လည်စာစားချိန်ရောက်ပေမယ့် ဆော့ဂျင်တယောက်အရင်လို ဗိုက်မဆာလာပဲအစာမကြေသလိုဖြစ်ကာ ရင်ခံနေ‌‌လေသည်။

အစားအစာတွေစားထားလိုတော့မဟုတ်ဘဲ
စားစရာမရှိလျော်စရာရှိဆိုတဲ့အတိုင်းလျော်ကြေးပေးရမယ့်ပမာဏကိုသိလိုက်ရလိုဖြစ်သည်။

နာယောင်းကတော့ တိတ်တခိူးချစ်သူဖြစ်တဲ့ ကြေငြာဌာနကအဖွဲမူးနဲ့ထမင်းစားဖို့ထွက်သွားလေပြီ။
သူတို့ company ရဲ့ ရုံးတွင်းချစ်သူမထားရဆိုတဲ့ စည်းကမ်းကြောင့် နာယောင်းတို့တွဲနေကိုသူတယောက်ထဲသာသိထားသည်။

တခါတလေ နာယောင်းတို့အတွဲကိုအားကျပေမယ့်သူမှာမှ
ချစ်သူ ၊ရည်စားထားဖို့အချိန်မှမရှိတာ ၊
ရုံးနဲ့အိမ် အိမ်နဲ့ရုံး နဲ့တင်တိုင်ပတ်နေသလို
ပိတ်ရက်ဆိုလည်းရတဲ့အချိန်ပိုင်းနဲ့ ~~~~ဟူးး

အတွေးပေါင်းစုံနဲ့ရုံးတွင်းကန်တင်းသို့
ရောက်လာရင်းထမင်းပန်းကန်လေးကိုချကာ အသာဝင်ထိုင်တုန်း။

"ဝါး ဒီနေ့ ငါးဖယ်ပါလား ?
အရသာရှိမယ်ပုံပဲ
အရွက်ကြော်တွေကလဲ စိမ်းစိမ်းလေး ၊
အင်းးး
ဟင်းချိုလေးကလဲ အရသာရှိနေရော် "

ားသောက်စရာတွေမြင်တော့ သူမျက်လုံးတွေအရောင်တောက်လာကာ

တခုစားလိုက် အရသာခံလိုက်လုပ်မိနေသည်က
ကန်တင်းကိုလာနေတုန်းကမျက်နှာအနေအထားနဲ့လားလားမဆိုင်တော့။

ထိုအချိန်သူအရှေ့ကခုံလေးမှာလူတယောက်ဝင်ထိုင်လာတာမို့ အသာမော့ကြည့်မိတော့ ။

"စီ စီအီးအို!!"

"ဘာလို့ကျ‌တော်ကိုမမြင်ဖူးတဲ့ပုံအတိုင်းကြည့်နေရတာလဲ?

"စီအီးအိုက ဒီကိုဘာလို့?

"ကန်တင်းလာတာကို ဘာလို့လာတာလဲဟုတ်လား
ဦးနှောက်ရောကောင်းသေးလား?

သူအတော်လေးဦးနှောက်ကိုအလုပ်ပေးမိပြီးမှ။

"ဧကန္တ ထမင်းစားဖို့ ? "

C E O J e o n👑☑️ CompletedWhere stories live. Discover now