14

7.7K 762 53
                                    



"‌ဗျာ!!"

ယောင်ပြီး နှိပ်မိလိုထွက်ပေါ်လာတဲ့ ဟွန်းသံကြောင့် လန့်သွားသလို သူပါးပြင်ကိုကိုင်ထားတဲ့ စီအီးအိုရဲ့လက်တွေနဲ့ စကား‌ေတွကြောင့်လဲ သူမှင်သက်နေမိသည်။

"တွဲရအောင်လားလို့ ၊ ပြောတာကြားလား!!"

"......"

"Yahhh!!!"

"ကြား ကြားပါတယ် စီအီးအို!!

"ကြားတယ်ဆို ဘာလိုပါးစပ်ပိတ်နေတာလဲ?
တခုခုပြန်ပြောလေ ၊ ဘာလဲ ခင်ဗျားမှာချစ်သူ ရှိတယ်ဆိုတာ
ပြောမထွက်လို့လား!! "

သူပါးကိုဖျစ်ညစ်ရင်းက မျက်နှာကိုဆွဲယမ်းလာတဲ့စိအီးအိုကြောင့်သူမှာ အယောင်ယောင်အမှားမှားဖြင့်။

"ချစ်သူ? အလိုမျိုးမရှိပါဘူး "

"ဒါဆို company ကို အကြိုအပို့ လုပ်ပေးနေတဲ့ လူက
ဘာလဲ?"

"ဗျာ!!!"

"ငါမမြင်ဘူးများထင်နေတာလား?
ကားပါကင်မှာတခါ ၊ company အပေါက်ဝမှာ တခါ
နှစ်ခါတောင် ငါမျက်လုံးနဲ့သေချာမြင်ခဲ့တာတောင် မဟုတ်ဘူးလို ငြင်းအုန်းမို့လား?"

စီအီးအိုပြောတဲ့သူကို အသဲအသန်စဉ်းစားလိုက်ရပြီးခေါင်းတခါခါဖြင့်။

"အာတာက အသိပါ ၊ ဒီတိုင်း ခင်မင်ရုံသက်သက်ပါ စီအီးအို ထင်သလိုမဟုတ်ပါဘူး !!"

ပြုံးယောင်သမ်းချင်လာတဲ့ မျက်နှာကို ဂျောင်ကု အလျင်အမြန်ထိန်းပြဆော့ဂျင်ပါးပေါ်ရှိသူလက်ကိုလည်း ဖယ်ရှားလိုက်သည်။ ပြီးမှ
လေသံကိုထိန်းရင်းသေချာအောင် ဆက်မေးသည်။

"ဒါဆို ချစ်သူမရှိဘူးပေါ့!!!
တကယ်ပဲ မရှိဘူးပေါ့ "

"ဟုတ်ကဲ့ "

"ဒါဆို ငါအခုနမေးတာဘယ်လိုသဘောရလဲ !!"


"အာတာ အာတာက မဖြစ်နိုင်ပါဘူး  စီအီးအို !!
ကျတော်နဲ့စီအီးအိုက အဆင့်တန်းခြင်းလူံးဝမတူသလို
အနေအထား~~အနေအထားခြင်းကလဲ
အရမ်းကွာဟနေတာမို့
သူများတွေပြောဆိုတာ ခံရမှာကြောက်တယ် ၊
ပြီးတော့ကျတော်က စီအီးအိုထက် အသက်လဲကြီးတော့~~
မဖြစ်~~မဖြစ်ပါဘူး စီအီးအိုရယ်  "

C E O J e o n👑☑️ CompletedWhere stories live. Discover now