37 final episode]

11.2K 789 120
                                    

Pre wedding photosရိုက်ပြီးသည့်နှင့်
နှစ်ယောက်လုံးမှာ
လက်စသတ်ရမယ့် ကိစ္စတွေရှိနေတာကြောင့်
companyပြန်လာခဲ့ရသည်။

Companyကားပါကင်သို့ရောက်သော်လည်း
ကားပေါ်မှ မဆင်းမိသေးဘဲ တယောက်မျက်နှာ တယောက်ကြည့်နေမိသလို ပြုံးမိနေကြတော့။

"ပင်ပန်းနေပြီလားyeobo"

"အရမ်းကြီးတော့မဟုတ်ပါဘူး ၊
‌ငါကိုသာမေးနေတာ ဂျောင်ကု ကြတော့ရော
မပင်ပန်းဘူးလား ၊ နေတိုင်းလိုလို
အစောကြီးထပြီး
ဝတ်စုံတွေစိတ်တိုင်းမကျမခြင်းလိုက်ရွေးနေတာ ၊ ပြီးတော့ indoorမှာ ရိုက်လိုရရဲ့သား
Outdoorမှာရြိက်ဖို့ ဒုက္ခခံပြီး နေရာတွေလိုက်ရှာနေခဲ့ရတာလေ "

"ဆက်တင်တွေကြားမှာ ကိုယ်တို့မဂ်လာဆောင်ပုံလေးကိုမရိုက်ချင်ပါဘူး
ဒါကြောင့်
အလှဆုံးဖြစ်မယ့်နေရာ ၊ ဘယ်သူမှ မရိုက်ဖူးတဲ့နေရာကို ရအောင်ရှာရတာပေါ့
Yeoboလဲ ကိုယ်ရွေးထားတဲ့နေရာလေး
သဘောကျတယ်မလား!!"

"‌သဘောကျပါတယ် ဒါပေမယ့်
ဂျောင်ကု ပင်ပန်းနေပြီမလား
အခုတလော
အစားအသောက်လဲ ကောင်းကောင်းမစားဘူး
မျက်နှာလေးလဲ ချောင်ကျသွားလိုက်တာ
မေးရိုးတွေထင်းပြီးပေါ်လာနေပြီ "

ဆော့ဂျင်လက်ချောင်းလေးတွေက ဂျောင်ကု
ပါးပြင်ပေါ်ထိတွေ့ လာရင်း အားမလိုအားမရစွာဖြင့်ပြောလာတော့သညါ။

"အလိုမဖြစ်ဖြစ်အောင် လုပ်ထားတာလေ '

"အလိုမလုပ်နဲ့ ဂျောင်ကု
စားစရာရှိတာစား ၊ ဟိုဟာမစား ဒီဟာမစားလုပ်ပြီး အားပြတ်သွားရင် ဘယ်လိုလုပ်မလဲ?"

"စိတ်မပူပါနဲ့အာ့အတွက်တော့
ကိုယ့်မှာအားအပြည့်ရှိတာမို့ ၊
အခုတောင် yeoboကို ချီပြီး  ရုံးခန်းရှိတဲ့အထပ်ထိ တက်နိုင်တယ် "

"အပိုတွေမပြောနဲ့ဂျောင်ကု
ငါနဲ့ companyကန်တင်းသွားပြီး တခုခုသွားစားရအောင် "

ဆော့ဂျင် ကားပေါ်ကအရင်ဆင်းကာ
ဂျောင်ကုကားတံခါးလေးကိုဖွင့်ပေးလိုက်တော့ သဘောတကျပြုံးလာတဲ့ ဂျောင်ကု
ကားပေါ်က ဆင်းလာပြီးတာနဲ့ မပြောမဆို
ဆော့ဂျင်ကိုယ်လေးကို ကောက်ချီလိုက်လေသည်။

C E O J e o n👑☑️ CompletedWhere stories live. Discover now