2

9.4K 825 47
                                    

!!!!ကင်မ်ဆော့ဂျင်!!!!


"အမလေး လာပါပြီ စီအိးအိုရယ်
အော်နေလိုက်တာ "

ဆော့ဂျင်တယောက် အခနိးတခါးလေးဖွင့်ပြီးသည်နှင့်အပြေးတပိုင်းဝင်လာခဲ့သလို
နှုတ်ကလည်းပြန်ဖြေမိပေမယ့် မှုန်ကုတ်နေတဲ့ စီအီးအိုမျက်နှာကို တန်းတွေ့လိုက်ရသည်။

ဟူးးး  အမောမပြေလိုက်တာ
သူကိုဘာတွေမဲတော့မလဲမသိဘူးး~~

သူဟာ စီအီးအိုရဲ့ အမဲခံလူသား။
စီအီးအိုက
တနေ့တနေ့သူကိုမဆူ မဆဲရရင်
အိပ်မပျော် ၊စားမဝင် ဖြစ်နေလားမသိ။
နေတိုင်းလိုလိုသူချည်းပဲ ဆူပူကြိမ်းမောင်းနေတော့တာ။

"ခင်ဗျား ဘာလို့နောက်ကျရတာလဲ?
ဒါအလုပ်လာရမယ့်အချိန်လား?
ဟမ်~~  
နောက်ကျလာတာတောင်အားမရလို
အအေးထိုင်သောက်ပြီး စကားဖောင်ဖွဲ့နေသေးရသေးတယ်ဟုတ်လား!! Bossကရုံးခန်းရောက်နေပြီ ခင်ဗျားက အခုထိမရောက်သေးဘူးဆိုတော့
ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ ဟမ် !!"

အခုလည်းကြည့်  သူပြောဖို့မပေးဘဲ ဆက်တိုက်ကြီးကော နေတော့တာ။
မနေ့ကဘဲ ဘဏ်သွားခိုင်းတာ သူမဟုတ်တဲ့အတိုင်း
သောက်စီအီးအို~~ အာပြဲစီအီးအို~~ ကြက်တူရွေးစီအီးအို ။


"ခဏလေးပါအုန်း စီအီးအိုရယ်
ကျတော်ပြောတာ နားထောင်ပါအုန်းး !!"

" ဘာကို နားထောင်ရမှာလဲ
ဘာဆင်ခြေတွေ ပေးအုန်းမှာလဲ?"

" ကျတော်ကို မနေ့က စီအိးအိုပဲ
ဘဏ်လွှတ်တာလေဗျာ "

Airconရှိတဲ့အခန်းမှာဖြစ်ပါလျက် ဒီစီအီးအိုနဲ့အတူရှိရလို ချွေးပါပျံချင်လာသည်။

"အာတာကို ဘာလို့မနက်ကထဲက
သွားရတာလဲ?
ရုံးအရင်လာပြီးမှ သွားရမှာပေါ့ "

"မနက်အ‌ေစာပိုင်းဆို ဘဏ်မှာလူရှင်းလိုပါ
စီအီးအိုရယ်
အခုတောင် ကျတော်ထပ်အရင်ရောက်တဲ့လူတွေများနေလိုအကြာကြီးစောင့်လိုက်ရတာခြေထောက်တွေတောင်ညောင်းတယ်"

C E O J e o n👑☑️ CompletedWhere stories live. Discover now