Part 11

1.5K 208 8
                                    

#unicode

Chaeyoung အိပ်ရာက နိုးလာတော့ သူမကို စိုက်ကြည့်နေတဲ့ Lisaကို တွေ့ရလေသည်

"ငါ့ကို အဲ့လိုကြီး စိုက်ကြည့်နေတာ ရပ်တော့ "

Lisaကို မျက်စောင်းထိုးကာ Chaeyoung ရန်လုပ်လိုက်သည်

"No မရပ်ဘူးကွာ..."

Lisa ရဲ့ စကားကြောင့် Chaeyoung နှလုံးခုန်မြန်သွားသည်

"နင့်ကို ကြည့်တာ ရပ်စေချင်ရင် ငါ့ကို အခုလို ဖြစ်နေတာကို မဖြစ်အောင် ပြန်လုပ်ပေး"

Lisa ဘာပြောချင်မှန်း Chaeyoung နားမလည်သောကြောင့် အိပ်ရာက ထမယ်လုပ်တော့ Lisa မှာ Chaeyoungကို ဆွဲဖက်သည်

"ခုလိုလေး နေပေးပါ "

Lisaမှာ သူ့ရဲ့ရင်ခွင်ထဲသို့ Chaeyoungကို ဆွဲထည့်လိုက်သည်

"Wow နင် နှလုံးခုန်မြန်နေပါလား Chaeyoung "

"အာ ဖယ်စမ်းပါ "

"မဖယ်ဘူး နင့်ကိုယ်က နွေးလိုက်တာ Chaeyoung ရယ် "

Lisa ပြောပြီး Chaeyoungရဲ့ နဖူးကို နမ်းလိုက်သည်

"အခုကစပြီး ညတိုင်း ငါတို့ အတူတူအိပ်ရအောင် "

Lisaရဲ့ စကားကြောင့် Chaeyoungမှာ မျက်လုံးပြူးသွားသည်

သို့သော်လည်း Lisaရဲ့ ရင်ခွင်ထဲ ထွေးပွေ့မှုထဲ နွေးထွေးတယ်လို့ Chaeyoung ခံစားရသည်

"ဒီလိုလေး အမြဲအိပ်ရအောင်နော် Chaeyoungလေး "

"နင်ဘဲ ငါ့ကို ငြင်းထားပြီးတော့ ရုတ်တရက်ကြီး ဘာထဖြစ်တာလည်း"

"ဟုတ်ပေမယ့် နင်နဲ့အတူ အိပ်ချင်လို့ပါ နင် ငါ့ဘေးနားရှိရင် တကယ် သက်တောင့်သက်သာနဲ့ စိတ်ချလက်ချဖြစ်ပြီး အိပ်ပျော်သွားလို့"

Lisa စကားပြောရင်း Phone မြည်သံကြားရသောအခါ Chaeyoungမှာ သူ့ဖုန်းလာတာသိပြီး စားပွဲခုံပေါ်က သူ့ဖုန်းကို လှမ်းယူပေမယ့် Lisaက အရင် ကောက်ကိုင်လိုက်သည်

မသိလျှင် Lisaက သူမ ချစ်သူပုံစံနဲ့ ဖုန်းခေါ်တဲ့သူကို တစ်ချက်ကြည့်ပြီး ဖုန်းကိုင်ကာ speaker ဖွင့်လိုက်သည်

"Hello Jennie "

"Hello Lisaလား အေး Chaeyoungကို အခုချက်ချင်း ငါ့ဆိုင်ကို လာပို့ပေးပါလား Nayeonက အပြင်ခဏထွက်သွားတဲ့အချိန် ဧည့်သည်တွေ ရောက်လာလို့ "

Unknown GirlWhere stories live. Discover now