Part 4

1.7K 243 5
                                    

#Unicode

Chaelisaတို့ အိမ်ပြန်ရောက်တော့ Taeyeonကို အထုပ်အပိုးတွေနဲ့ တွေ့လိုက်ရသည်

"Unnie ဘယ်သွားမလို့လည်း "

"Aww Fany မိဘတွေက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်တဲ့ အဲ့တာ Fanyက သရဲကြောက်လို့ လာခဲ့ပါဆိုပြီး ခေါ်နေလို့ "

Taeyeon စပ်ဖြီးဖြီးနဲ့ ပြောတော့ Lisa ခေါင်းခါလိုက်သည်

"Awe Fany Unnieကတော့ သရဲထက် Taeyeon Unnieက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ မသိရှာဘူး...."

"ဘာပြောတယ် "

"ဟီး ဘာမှမပြောပါဘူး ကောင်းကောင်းပျော်ခဲ့ပါ.....ဘိုင့်ရီး "

Taeyeon အထုတ်တွေကို ကူသယ်ပေးပြီး ကားရှိရာထိ လိုက်ပို့ကာ Lisa နှုတ်ဆက်လိုက်သည်

ထို့နောက် Lisa အိမ်ထဲကို ပြန်ဝင်လာသည်

"Taeyeon Unnieက ဘယ်သွားတာလည်းဟင် "

"သူ့ချစ်သူဆီ သွားတာပါ အင်း ဒီအိမ်မှာ အခု နင်နဲ့ငါ နှစ်ယောက်ထဲ ရှိတော့တာဆိုတော့ ငါနဲ့အတူနေမယ်ဆို စည်းကမ်းတစ်ချို့တော့ရှိတယ် အဲ့စည်းကမ်းတွေကို နင် လိုက်နာရမယ် "

"ဘာစည်းကမ်းတွေလည်း "

"ငါ့အခန်းထဲကို ငါ့ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး "

"ဘာလို့လည်း နင့်ကို ငါ တစ်ခုခုလုပ်မှာ စိတ်ပူလို့လား ဟဟ "

Lisaကို ကြည့်ပြီး ရယ်ပြီး Ros ပြောလိုက်သည်

"အင်းပါ ထားပါတော့ ရပါတယ်လေ ဒါဆို နင်လည်း ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့အခန်းထဲ မဝင်ရဘူးနော် Lisa "

"ဟင် ဒါက ငါ့အိမ်လေ ငါ့အိမ်က အခန်းတိုင်း ငါဝင်ခွင့်ရှိတာဘဲ "

Lisa စကားကြောင့် Chaeyoung သက်ပြင်းချပြီး

"အင်းပါ နင်ပြောသလို နင့်အိမ်ဆိုတော့ နင်လုပ်ချင်သလိုလုပ်လို့ရပါတယ် ဒါပေမယ့် ငါ့အခန်းထဲ ဝင်မယ်ဆို တံခါးခေါက်နော် ..."

"ခေါက်ဘူးကွာ "

Lisa ပြောင်ချော်ချော်လုပ်ပြီး Chaeyoung ရဲ့ နဖူးကို လက်နဲ့တောက်တော့ Chaeyoungမှာ နဖူးကို ကိုင်ကာ သူမနှုတ်ခမ်းကို ကိုက်ပြီး Lisaကို ရန်လုပ်လေသည်

Unknown GirlTempat cerita menjadi hidup. Temukan sekarang