Part 12

1.5K 219 3
                                    

#zawgyi

"ဒီတော့ အဲ့ကောင်နဲ့ စကားပြောနေရလို့ ငါ့ messageကို reply မလုပ်တာပေါ့လေ Chaeyoung "

Lisaမှာ ကားမောင်းရင်း သဝန်တိုတဲ့ လေသံနဲ့ မေးလိုက်သည်

"မဟုတ်ပါဘူး Lisaရယ် ငါ တကယ် မအားလို့ပါ "

"မအားဘူးဆိုလည်း မအားကြောင်း message တစ်စောင်လောက်တော့ ပို့ပေးသင့်ပါတယ် "

"Aww Lisaရယ် ငါက အလုပ်လုပ်နေတာလေဟာ ကိစ္စအကြီးကြီး ဖြစ်အောင် မလုပ်စမ်းပါနဲ့ "

Chaeyoungမှာ သက်ပြင်းချပြီး ပြောတော့ Lisa မှာ ခေါင်းခါရင်း ဘာမှဆက်မပြောတော့ဘဲ  ကားသာဆက်မောင်းနေသည်

အိမ်ကို ပြန်ရောက်တော့ Lisaမှာ ဘာမှမပြောဘဲ ကားပေါ်ကဆင်းပြီး ဆောင့်အောင့်ကာ အိမ်ပေါ်သို့ တက်သွားသည်

Chaeyoung မှာ Lisa နောက်ကို လိုက်သွားပြီး အခန်းထဲ ဝင်တော့မယ့် Lisaလက်ကို လှမ်းဆွဲလိုက်သည်

"နင် သဝန်တိုနေတာလား Lisa "

"မသိဘူးလေ နင်က ဘယ်လိုထင်လို့လည်း Chaeyoung "

"ငါ နင့်ကို သဘောကျတယ်လို့ ပြောထားတာကို နင် သဝန်မတိုသင့်ဘူးလေ Lisaရ "

"ဒါဆို ငါ့ကို ပြော Chaeyoung ...ဆံပင်ညှပ်ဆိုင်မှာ ငါ ဝင်မနှောင့်ယှက်ဘူးဆိုရင် သူက နင့်ကို ဒိတ်ဖို့ခေါ်တာကို လက်ခံမှာလား...."

"ရော် ဘာလို့ လက်ခံရမှာလည်း Lisa ရ...သံသယတွေ မဝင်စမ်းပါနဲ့ "

"သေချာလို့လား....နင်ငါ့ကို သဘောကျတယ်လို့ ပြောတာ အလိမ်အညာတွေလား Chaeyoung... "

"ကျစ် Lisaရာ နင့်ကို အဲ့လို ဖွင့်ပြောဖို့ ငါ ဘယ်လောက်ကြိုးစားခဲ့ရလည်း နင်သိလား....နင်မို့ ငါ့ကို အဲ့လို မေးရက်တယ်...."

Lisaရဲ့ မေးခွန်းကြောင့် Chaeyoungမှာ စိတ်တိုသွားသည်

"Lisa. ..နင် ဘာလို့ နင့် ခံစားချက်တွေကို ငါ့ကို ပြောမပြနိုင်ရတာလည်း နင် ငါ့ကို ကြိုက်လား မကြိုက်လား ရှင်းရှင်းလင်းလင်းပြော ဒါမှ ငါလည်း ငါ့ခံစားချက်ကို ထိန်းလို့ရမှာ "

Chaeyoung ကပြောနေပေမယ့် Lisaကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်ကာ Chaeyoungကို ကြည့်နေသည်

Unknown GirlTempat cerita menjadi hidup. Temukan sekarang