Part 16

1.4K 177 3
                                    

#zawgyi

#unicode

ပင်လယ်ကမ်းခြေဘက် ကားကို ပါကင်ထိုးထားပြီး ကားနောက်ဖုံးကိုဖွင့်ပြီး Lisaတို့ ထိုင်ကာ Sunset ကြည့်နေကြသည်

Chaeyoungမှာ Lisa ပခုံးပေါ်မှီပြီး သီချင်းလေး ညည်းနေချိန် Lisaကတော့ Chaeyoungရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်

နေဝင်ချိန်ကို အတူကြည့်ရင်း သူမ ပခုံးပေါ်မှီထားတဲ့ Chaeyoungကို Lisa ကြည့်လိုက်သည်

"Chae ချမ်းနေပြီလား "

Chaeyoung ခေါင်းညိတ်ပြတော့ Lisa သူ့အပေါ်ဝတ်ကို ချွတ်ကာ Chaeyoungကို ခြုံပေးလိုက်သည်

"Gomawo Lisa. ... Lisaကြောင့် အရမ်းလှတဲ့ Sunset ကြည့်နိုင်တာ "

"ကျေးဇူးတင်ရင် အာဘွားပေး..."

"ဟာ ကားပေါ်မှာကို "

"ဒါဆို အိမ်ပြန်ကြစို့ အိမ်မှာဘဲ အားရပါးရ နမ်းကြမယ်လေ...."

"ဟာ.."

"ဟာတွေ ဟင်တွေ မလိုချင်ဘူး "

Lisa ပြောပြီး Chaeyoung ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

"လာ မမှောင်ခင် ပြန်ကြစို့..."

Lisa ကားပေါ်က ခုန်ဆင်းပြီး Chaeyoungကို ပွေ့ချီကာ ကား ပေါ်က ဆင်းခိုင်း လိုက်သည်

ထို့နောက် Chaeyoungကို ကားပေါ်တက်ခိုင်းပြီး Lisaလည်း ကားပေါ်သို့ တက်လာသည်

Chaeyoungကို ကားခါးပက်ပက်ပေးပြီးနောက် Lisa ကားစက်နှိုးကာ မောင်းထွက်လာသည်

Lisaရဲ့ အိမ်ကိုရောက်တော့ Chaeyoung ကားအပေါ်က အမြန်ဆင်းပြေးသွားကာ Lisaရဲ့ အိမ်ထဲပြေးဝင်သွားတယ်

Lisaကတော့ သူတို့နောက်ကို လိုက်လာတဲ့သူ ရှိမရှိ သေချာရှာကြည့်စောင့်ကြည့်ပြီးမှ သူမရဲ့ အိမ်ထဲသို့ ဝင်လိုက်သည်

Lisa အိမ်ထဲသို့ ဝင်လာတဲ့အခါမှ  Chaeyoung စိတ်သက်သာရာရပြီး သက်ပြင်းချမိသည်

Lisaမှာ ပြုံးပြီး Chaeyoungကို ဖက်ကာ Chaeyoungရဲ့ နဖူးလေးကို နမ်းလိုက်သည်

"စိတ်မပူပါနဲ့ အချစ်လေးရဲ့ မင်း လုံခြုံပါတယ် "

"ကျေးဇူးတင်ပါတယ် Lisa "

Unknown GirlTempat cerita menjadi hidup. Temukan sekarang