Part 14

1.4K 213 5
                                    

#zawgyi

Chaeyoungနဲ့ Lisaတို့ ချစ်သူ ဖြစ်နေတာ  တစ်လကျော် ရှိသွားပြီ ဖြစ်သည်

ယခုတော့ Lisa က စာမေးပွဲအတွက် စာကြည့်နေရလို့ Chaeyoungနဲ့ ချိန်းတွေ့ချိန်မရှိပေ...

Chaeyoungကိုလည်း သိပ်အချိန်မပေးနိုင်ပေ

သို့သော်လည်း Chaeyoungမှာ အလုပ်က ပြန်ရောက်ရင် Lisaကို ပစ်မထားဘဲ သစ်သီးတွေ ခွာကျွေးပြီး အမြဲ ဂရုစိုက်ပေးသည်

ဒီနေ့ Chaeyoung နားရက်မို့ စာကြည့်နေတဲ့ Lisaကိုလည်း စိတ်အအနှောင့်အယှက် မပေးချင်လို့  Taeyeon Unnie လက်ရှိနေနေတဲ့ Tiffany Unnieရဲ့ အိမ်ကို သွားလည်ဖို့ Lisaဆီက ခွင့်တောင်းလိုက်သည်

"Lisa ငါလေ Taeyeon Unnieဆီ သွားလည်ချင်လို့ရလား....သူ့ဆီ လာလည်ဖို့ ငါ့ကို ခေါ်ထားဖူးလို့ "

Lisa စာကျက်နေရာက ရပ်ပြီး Chaeyoungကို ကြည့်လိုက်သည်

"ရပါတယ် Chaeရ ကိုယ် လိုက်ပို့ပေးမယ်လေ ခဏစောင့် "

"ရပါတယ် Lisaရ ငါ့ဘာသာငါ ဘတ်စ်ကားစီးသွားလိုက်ပါမယ် နင်က စာကိုသာ သေချာကြည့်ပါ "

"ဒါဆို အပြန်ကျ ကိုယ်လာကြိုမယ်နော် "

"Ok Lisa ချစ်တယ်နော် အာဘွား "

Lisaရဲ့ နှုတ်ခမ်းလေးကို Chaeyoungက နမ်းလိုက်တော့ Lisaမှာ Chaeyoungရဲ့ အနမ်းတွေကို ပြန်တုံ့ပြန်လိုက်သည်

"မတွေ့ရတာ အတော်ကြာပေါ့ ငါ့ညီမလေးရေ..."

အိမ်ထဲဝင်လာတဲ့ Chaeyoungကို Taeyeon ဖက်ပြီး ကြိုဆိုလိုက်သည်

"ဟုတ်ပါ့ Unnieရေ.....ဒါနဲ့ Unnie ချစ်သူရော မတွေ့ပါလား..."

"သူက အလုပ်ကိစ္စရှိလို့ LAကို သွားတယ်လေ..."

"Unnie တစ်ယောက်တည်း အထီးကျန်နေမှာပေါ့ chawတို့ဆီ လာနေ တာ မဟုတ်ဘူး "

"အမလေး ရှင်နဲ့ Lisa အေးဆေးနေဖို့ ရှောင်ပေးတာပါ ဒါနဲ့ ခုထိ နင်တို့နှစ်ယောက် ဘာမှအခြေအနေမထူးခြားသေးဘူးလား "

Taeyeon မှာ Lisaနဲ့ Chaeyoungတို့ ချစ်သူဖြစ်နေတာကို မသိသေးပေ....

ဧည့်ခန်းထဲတွင် အအေးသောက်ကြရင်း Chaeyoungတို့ စကားပြောနေကြသည်

Unknown GirlOnde histórias criam vida. Descubra agora