Part 26

1K 153 12
                                    

#unicode

Roseanne အခန်းထဲက ထွက်လာပြီး နန်းတော်ဘက် လျှောက်လာစဥ် Mikeမှာ Roseanneရဲ့ လက်ကိုဆောင့်ဆွဲကာ နံရံဘက်သို့ တွန်းလိုက်သည်

"မင်းနဲ့ Lisaက ဘာတွေလည်း Roseanne "

ရုတ်တရက်မေးချလိုက်သော Mikeရဲ့ မေးခွန်းကြောင့် Roseanne လန့်သွားသည်

"နင် နင် ဘာတွေလာမေးနေတာလည်း Mike"

"ငါ့ကို အရူးလာမလုပ်နဲ့ Roseanne မင်းနဲ့သူက ဘာတွေလည်း မင်းတို့နှစ်ယောက်ကြားက ဘာတွေလည်း "

Mikeမှာ မီးဟုန်းဟုန်းတောက်နေတဲ့ အကြည့်နဲ့ Roseanneကို စိုက်ကြည့်ကာ မေးလိုက်သည်

"မင်းတို့က ဘာတွေမို့လို့ ငါ သူ့ကိုထိုးခဲ့တုံးက သူ့ကိုအရမ်းဂရုစိုက်နေရတာလည်း ဖြေ "

Roseanneရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး မေးတဲ့ Mikeရဲ့ မျက်လုံးတွေကို Roseanne မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်

"Lisa နဲ့ ငါ့ကြားက ဘာဖြစ်နေနေ ဒါက ငါတို့ကိစ္စ....နင်နဲ့မဆိုင်ဘူး "

"ဆိုင်တယ် ဆိုင်ကိုဆိုင်တယ် မင်းက ငါ့ဇနီးဖြစ်လာမယ့်သူ တခြားသူတွေနဲ့ရောနှောနေတာမျိုး ငါမကြိုက်ဘူး "

"Aww နင်ကတော့ ကြိုက်တဲ့သူတွေနဲ့ ကြိုက်သလို အိပ်မယ်ပေါ့ ဟုတ်လား "

"ဘာ ....ငါကဘယ်သူနဲ့ အိပ်လို့လည်း "

"နင့်ကိုယ်နင်အသိဆုံးပါ Mike နင် ဘယ်သူနဲ့အိပ်ပြီး ဘာတွေလုပ်ခဲ့လည်းဆိုတာ ငါအကုန်သိတယ် "

"မင်း ဘာတွေပြောနေတာလည်း Roseanne "

"Hyeri သေတဲ့ကိစ္စက ကားမတော်တဆဖြစ်တာ မဟုတ်ဘူး နင်တို့ပူးပေါင်းကြံစည်ခဲ့လို့ သေသွားတယ်ဆိုတာလည်း ငါသိတယ် Mike. ..မိဘတွေကြောင့်သာ ငါတို့လက်ထပ်ခဲ့ပေမယ့် Hyeriနဲ့ Lisa ကို ချစ်သလို အချစ်မျိုးနဲ့ နင့်ကိုဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး Mike "

Roseanneရဲ့ စကားကြောင့် Mike ဒေါသထွက်သွားသည်

"Hyeriကို ငါ သတ်လိုက်တာ မင်း ဘယ်လိုသိတာလည်း ဘာသက်သေမှ မရှိဘူးလေ "

ဒေါသထွက်နေတဲ့ Mikeကို ကြည့်ပြီး Roseanne တဟားဟားနဲ့ ရယ်လိုက်သည်

Unknown GirlTempat cerita menjadi hidup. Temukan sekarang