Part 13

1.5K 209 5
                                    

#Unicode

Chaeyoung တစ်ယောက် Lisaကို ရေချိုးခန်းထားပြီး ဒီနေ့တော့ သူမကဘဲ Lisa အတွက် မနက်စာ ပြင်ပေးနေသည်

Lisaက ကူညီပေးရမလား မေးသော်လည်း Chaeyoungက လက်မခံဘဲ Lisaကို ရေသာချိုးခိုင်းသည်

Lisa ရေချိုးပြီး ထမင်းစားပွဲတွင် ထိုင်ကာ Chaeyoung မနက်စာ ပြင် နေတာကို ပြုံးပြီး ကြည့်နေသည်

Chaeyoungမှာ မနက်စာ ပြင်ဆင်ပြီးနောက် ပန်းကန်တွေကို စားပွဲခုံပေါ်   ချလိုက်သည်

"အရသာမဆိုးဖို့ မျှော်လင့်ရမယ် "

Chaeyoung မှာ သူမ ပထမဆုံး ပြင်ထားတဲ့ မနက်စာဖြစ်နေလို့ စားမကောင်းမှာကို စိတ်ပူနေသည်

Lisaမှာ Chaeyoung ပြင်ပေးတဲ့ မနက်စာကို စားနေစဥ် Chaeyoungမှာတော့ Lisaရဲ့ တုံ့ပြန်မှုကို စိတ်လှုပ်ရှားစွာ စောင့်နေသည်

Lisaမှာ Chaeyoungကို ကြည့်ပြီး ပြုံးပြကာ လက်မထောင်ပြသည်

"Wow အရမ်းကောင်းတယ် Chae. ...Cooking videoကို ဘယ်နှခါများကြည့်ခဲ့သလည်း တကယ့် chef ချက်ထားတဲ့ အတိုင်းဘဲ ကောင်းလိုက်တာ "

"ဟီး ဆယ်ကြိမ်လောက်ရှိမယ် မှတ်တောင်မမှတ်မိဘူး "

"စိတ်မပူပါနဲ့ တကယ် ကောင်းတာ Chaeရ...."

"ပထမဆုံးအကြိမ်ဆိုတော့ စိတ်ပူမိတာပေါ့ Lisaရယ် ဒါနဲ့ Lisa အကြိုက်ဆုံး ရုပ်ရှင်က ဘာလည်း '

"ဘာလို့လည်း...."

"အပြင်မှာ မိုးရွာနေတာဆိုတော့ အိမ်ထဲမှာ Lisa အကြိုက်ဆုံး ရုပ်ရှင် အတူတူကြည့်ရအောင်လို့လေ "

Chaeyoung က ပြောတော့ Lisaမှာ ပြုံးပြီး Chaeyoungကို စိုက်ကြည့်နေသည်

"ဘာလို့ လူကိုဘဲ တစ်ချိန်လုံး စိုက်ကြည့်နေတာလည်း မနက်စာလည်း စားပါအုံး အေးကုန်တော့မယ်"

"ငါ အကြိုက်ဆုံး ရုပ်ရှင်က Chaeဘဲ သိလား....Chaeရဲ့ လှုပ်ရှားမှုတွေ Chaeရဲ့ စကားပြောဟန် ပြုံးနေတာလေးတွေကို ကြည့်ရတာ အရမ်း သဘောကျတယ် "

Lisaရဲ့ စကားကြောင့် Chaeyoung ရှက်ပြီး မျက်နှာလေးမှာ ခရမ်းချဥ်သီးလေးလို နီရဲလာသည်

မနက်စာ စားပြီးတဲ့အချိန်မှာတော့ Lisaက ပန်းကန်ဆေးဖို့ တာဝန်ယူမယ် ပြောသောကြောင့် Chaeyoungမှာ ဧည့်ခန်းတွင် ထိုင်ကာ အပြင်ဘက်က မိုးရေစက်တွေကို ငေးကြည့်နေသည်

Unknown GirlHikayelerin yaşadığı yer. Şimdi keşfedin