Part 20

1.1K 162 4
                                    

#unicode

"Roseanne. ...စိတ်မပူပါနဲ့ အမတို့ မင်းကို ကူညီပေးမယ်...."

Roseanneရဲ့ အမဝမ်းကွဲတွေဖြစ်တဲ့ Seohyunနဲ့ Yuriမှာ Chaeyoung ပြန်ရောက်ပြီဆိုတဲ့ သတင်းကြားတော့ နန်းတော်ထဲ ပြန်ရောက်နေကြပြီး အခြေအနေကို အကဲခတ်ကာ အခန်းထဲ ငိုနေတဲ့ Chaeyoungကို ချော့နေကြသည်

"ပထမဆုံး Roseanne ဖြစ်လာခဲ့သမျှ အကုန်ပြောပြ "

Yuri တစ်ယောက် Chaeyoungရဲ့ ပခုံးကို ပုတ်ပြီး ပြောတော့ Chaeyoung သက်ပြင်းချပြီး ဖြစ်လာသမျှ ပြောပြလိုက်သည်

"Wow တကယ်ဘဲ ငါရှောခ့်ရသွားတယ် နင့်ရဲ့ သူငယ်ချင်းအနေနဲ့ပြောရမယ်ဆို Lisaက တော်တော်ကို ချောပြီး အရမ်းလှတာဘဲ "

Jieunကပြောတော့ Chaeyoung မှာ Jieunကို မျက်စောင်းထိုးလိုက်သည်

(Jieunက အစေခံဆိုပေမယ့် Chaeyoungက သူ့မိဘတွေ ကွယ်ရာမှာ နင်နဲ့ ငါနဲ့ သုံးနှုန်းဖို့ပြောထားလို့ နင်နဲ့ငါဆိုပြီး သုံးနှုန်းထားခြင်း ဖြစ်သည်)

"သူ နင့်ကို ရှာတွေ့သွားလို့ တော်သေးတယ် ကြည့်ပါအုံး Roseanne တစ်ယောက် ထွားလာလိုက်တာများ"

Seohyunမှာ Roseanne ပြောပြတာတွေနားထောင်ရင်း သူမရဲ့ မျက်ရည်တွေကို သုတ်ပြီး ပြောလိုက်သည်

"သူရော သူ့သူငယ်ချင်းတွေ သူ့အမကပါ Chawကို ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံပေး ဂရုစိုက်ပေးကြတယ်သိလား...ပြောရတာအားနာပေမယ့် အမတို့ကိုလည်း Chaw ချစ်ပါတယ် ဒါပေမယ့် ဒီမင်းသမီးဘဝကို Chaw မမက်မောဘူး.... Lisaနဲ့အတူ လွတ်လွတ်လပ်လပ် နေရတဲ့ဘဝကို Chawပိုမက်မောမိတယ်...."

"ငါ နားလည်ပါတယ် နင်ဘာလုပ်လုပ် နင့်ဆုံးဖြတ်ချက်ကို  Support ပေးမယ် "

"Gomawo Seohyun Unnie "

"အဲ့ဒီဘဝမှာ နင် တော်တော်ပျော်နေတဲ့ပုံဘဲ ...ဒါနဲ့ သူ နင့်ကို နာမည်ပေးထားလား နင်ကအတိတ်မေ့ခဲ့တယ်ဆိုတော့ ..."

"Chaeyoungတဲ့ "

"နာမည်လေးကလှသားဘဲ..."

"Hyeri ဆုံးသွားပြီးနောက် နင်အဆင်မပြေဖြစ်နေတာတွေကြည့်ပြီး ငါအမြဲ စိတ်ပူခဲ့တာ ခု နင်အဆင်ပြေနေပြီဆိုတော့ တော်ပါသေးတယ် "

Unknown GirlМесто, где живут истории. Откройте их для себя